The Volunteers: The Battle of Life and Death

The Volunteers: The Battle of Life and Death (2024)

သေမင်းနဲ့တိုက်ပွဲဝင်ရမှာသေချာပြီးအသက်ရှင်ပြန်လာနိုင်ခြေ ၁ ရာခိုင်နှုန်းတောင် မသေချာတဲ့ တိုက်ပွဲမှာ… စိတ်လိုလက်ရ ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်မယ့် စေတနာရှင် ပြည်သူ့သူရဲကောင်းတွေကို သမိုင်းမှတ်တမ်းတင် ဂုဏ်ပြုတဲ့အနေနဲ့ ပြန်လည်ရိုက်ကူးတဲ့ ကားတွေအများကြီးထဲကမှ အတော်လေး လူကြိုက်များပြီး အသိမှတ်ပြုခံထားရတဲ့ The Volunteers: To the War (2023) ကားအပြီးမှာတော့ နောက်ဆက်တွဲ The Volunteers: The Battle of Life and Death ( 2024 ) လေးထွက်လာတာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

လက်နက်အား၊ လူအင်အား၊ နည်းပညာအကူအင်အား မမျှတဲ့ အမေရိကန်တပ်နဲ့ တရုတ်တပ်တို့ ရဲ့ လွန်ခဲ့သော နှစ် ၁၀၀ လောက်က မြေပြင်မှာ တိုက်ခဲ့တဲ့ သမိုင်းကြောင်းကို မှတ်တမ်းတွေကတစ်ဆင့် ပြန်တူးဖော်ပြီး ပုံဖော်တင်ဆက်ထားတဲ့ကားလေးပါ။

ဒီဇာတ်လမ်းလေးမှာတော့… စွန်းရှင်းတစ်ယောက် စစ်မြေပြင်မှာကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်မှုကြောင့် မှတ်ဉာဏ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး… ဘာတွေကြုံတွေ့ခဲ့တယ်… ဘာဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားပါတော့တယ်။

ဒါပေမယ့်လည်း ရောဂါကုသရမယ့်အစား စစ်မြေပြင်မှာ ဆက်ပြီး တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့ပြန်တယ်… တရုတ်တပ်နဲ့ အမေရိကန်တပ်ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြားထဲမှာမှ… ၁၉၅၀-၅၃ ခုနှစ်ကြားမှာ တောင်မြောက်ကိုရီးယားအရေးက တစ်ဆင့်ဖြစ်သွားခဲ့တဲ့ ကာလရှည်တိုက်ပွဲကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်တာမို့… သမိုင်းကြောင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်၊ ဗျူဟာတွေ၊ စစ်မြေပြင်အခြေအနေကို ရုပ်ရှင်ကတစ်ဆင့် ကွင်းဆင်းလေ့လာချင်လို့ပဲဖြစ်ဖြစ်… စစ်ကားတွေကို ကြည့်ချင်တယ်ဆို…

ဒီပေါ်လစီကားကြီးကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက ဦးဆောင်ပြီး ကိုယ်ခံပညာအသားပေးကားမှ ရိုက်တဲ့ ဝူကျင့်၊ ချန်ခိုင်ခယ် ဒါရိုက်တာကြီးရဲ့သား ချန်ဖေးယွီ၊ ကာရိုက်တာတိုင်းကို ရင်ဘတ်ကြီးနဲ့ သရုပ်ဆောင်တတ်တဲ့ ကျူးယိလုံတိုနဲ့အတူ ပေါက်စီမြေက အနုပညာရှင် တစ်ဝက်လောက်ကို ခေါ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကိုအတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…


Comments

Leave a Reply

Your email address will not be published. Required fields are marked *