ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသွားတယ်ပါတယ်။

“ဆက်သွယ်ရေး ဝန်ထမ်းပါ။ အသက် ၅၀ ကျော် ပါ”လို့ ဒီဖြစ်စဉ်ကိုသွားရောက်ကူညီခဲ့တဲ့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၅ ရက် နေ့လည် ၁၁ နာရီခွဲကျော်မှာ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားကို YBS(၆၅)က ဝင်တိုက်ခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူကို ကနောင် နာကူ/ရှင်ကူ အသင်းရဲ့ယာဉ်နဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အထက်ပါကြက်ခြေနီသူနာပြုတပ်ဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်က ယာဉ်တိုက်မှူကြောင့် ငါးဦးသေဆုံးခဲ့ပြီး ဇန်နဝါရီ ၃ ရက်မှာလည်းယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။

(အင်းစိန်မြို့နယ်မှာ YBS(၆၅)ယာဉ် ဘရိတ်ပေါက်ပြီး လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦး ဝင်တိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *