ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် AA၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင် နှင့်အတူ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေဆုံးသွားခဲ့

အလောင်းပြန်မရဘဲ စကခ ၁၀ တွင် နာရေး ပြင်ထားရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတိုက်ပွဲတွင် အာရက္ခတပ်တော်-AA ကွန်မန်ဒိုတပ်ဖွဲ့၏ လက်ချက်ဖြင့် စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်နှင့်အတူ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး တို့ပါ သေ ဆုံးသွားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအတွင်းရှိ ၆၆၆ ကုန်း နှင့် ကပစ ၁၆ အကြား၊ မသုန်ရွာ၏အနောက် ဘက်မီတာ ၅၅၀၀ ခန့်အကွာအဝေး တွင် စခန်းချနေသော စစ်တပ်စစ်ကြောင်းကို အာရက္ခတပ်တော် ကွန်မန်ဒိုစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကလေးမြို့အခြေစိုက်၊ အမှတ် ၁၀ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါ အဝင် စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများကိုလည်း AA က သိမ်း ဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ဗိုလ်မှူးကြီး ဟန်လင်းအောင်က DSAအပတ်စဉ် ၄၃ ။ သူနဲ့အတူ ဒုတိယဗိုလ်မှူးကြီး၊ G 3 နဲ့ သူ့ Staff ၂ ဦး ပါတိုက် ပွဲမှာ သေတယ်။ အဲဒီတိုက်ပွဲဖြစ်တဲ့ အနီးဆုံး လဲရွာကနေ နာရေးကားတွေနဲ့ အရာရှိကြီးရဲ့ Dead body တွေ ကောက် ဖို့ပြင်ထားတာ။ ဒါပေမယ့် Dead Body သူတို့မရလိုက်တော့တဲ့ သဘောရှိတယ်။ စစ်အရာရှိကြီးတွေ သေတဲ့ဟာက ၃ + အပေါင်းပေါ့။ ဗိုလ်မှူးကြီး ဟန်လင်းအောင်နဲ့ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ Staff အရာရှိတွေကျတာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

စစ်ဘက်သတင်းရင်းမြစ်ကလည်း စကခ ၁၀ တပ်မမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်နှင့်အတူ စစ်ကြောင်းမှ အရာရှိ နှင့်စစ်သည် စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး ကလေးမြို့ရှိ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် နာရေး ပြင်ဆင်ထားကြောင်း၊ ဗိုလ်မှူးကြီး ဟန်လင်းအောင်၊ အရာရှိများ အပါအဝင် စစ်သည်များ၏ အလောင်းများ ပြန်လည် မရရှိသဖြင့် သက်ဆိုင်ရာ ရာထူးဝတ်စုံ အင်္ကျီများဖြင့်ပင် နာရေးအသုဘနှင့် ရက်လည်တရားနာ ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုသည်။

စကခ ၁၀ (ခေါ်) အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖြစ်သည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအတွင်းရှိ ၆၆၆ ကုန်းကို အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆိုဖြတ်တောက်ထားသည်မှာ ကာလ အတန်ကြာခဲ့ပြီဖြစ်ပြီး ၆၆၆ ကုန်းမှ စကမ တပ်ဖွဲများမှာ ခဲယမ်း၊ ရိက္ခာပြတ်နေသောကြောင့် နေ့စဉ်နှင့်အမျှ ထွက်ပြေးလျက်ရှိကြောင်း AA စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ပန်းတောင်းမြို့နယ်အတွင်း ဇန်နဝါရီ ၁ ရက်နေ့ မှ ဇန်နဝါရီလ ၆ ရက်နေ့အတွင်း အလင်းဝင်သူ ၁​၀ ဦး ကျော်ရှိခဲ့ပြီး အာရက္ခတပ်တော်ကလည်း ၆၆၆ ကုန်းမှ လက်ကျန် စစ်တပ်ကို အမှည့်ခြွေတိုက်ခိုက်လျက်ရှိကြောင်း၊ ယင်းအပြင် နတ်ရေကန် ဗျူဟာကုန်း ကိုလည်း အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆို့ထားဆဲဖြစ်ကြောင်း သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *