Tell Me Softly

Tell Me Softly

Tell Me Softly (2025)

အချစ်ဦးရဲ့အနမ်းလား…

အချစ်ဆုံးရဲ့အရိပ်လား(ညီအစ်ကိုနှစ်ယောက်ကြားက”ဗျာ”များရတဲ့ရွေးချယ်မှု)

Young Adult Romance, Drama ကားကောင်း ကြိုက်သူတွေအတွက်စပိန်ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဇာတ်လမ်းကို ပုံဖော်ထားတဲ့ “Tell Me Softly” (2025) ကားသစ်လေးပဲဖြစ်ပြီး ဒီကားကိုတော့ နာမည်ကြီး စပိန်ဒါရိုက်တာ Denis Rovira van Boekholt က ရိုက်ကူးထားပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ ဥရောပတလွှားနာမည်ကြီးတဲ့ မင်းသား Fernando Lindez (သီယေဂိုအဖြစ်)၊ DiegoVidales (တေလာအဖြစ်) နဲ့မင်းသမီး Alícia Falcó (ကာမီအဖြစ်)တို့ကပါဝင်သရုပ်ဆောင်ထားတာမလို့ ဇာတ်ကားပြီးသွားတဲ့အချိန် ရင်ထဲမှာတစ်ခုခုလိုနေသလို ဟာတာတာကြီးဖြစ်သွားချင်ရင်တော့ လက်ကိုမလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။

ဇာတ်လမ်းအကျဥ်း

ကာမီရဲ့ ကမ္ဘာငယ်လေးဟာ တစ်ချိန်ကဒီဘန်ယီကိုညီအစ်ကိုတွေနဲ့ ပြည့်စုံခဲ့ဖူးပါတယ်။

တစ်ယောက်က သူမရဲ့ နှလုံးသားကိုပထမဆုံးခိုးယူသွားတဲ့အချစ်ဦးသီယေဂို၊ နောက်တစ်ယောက်ကတော့ သူမဘေးမှာ အရိပ်လို အမြဲကာကွယ်ပေးခဲ့တဲ့သူရဲကောင်းတေလာပါ။

ဒါပေမဲ့ ကံကြမ္မာရဲ့ကြေကွဲစရာညတစ်ညမှာသူတို့ညီအစ်ကိုနှစ်ယောက်လုံးကာမီရဲ့ဘဝထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီးနောက် ၇ နှစ်တာတိုင်တိုင်အထိ အဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်။

အခုတော့ အရာရာကိုမေ့ဖျောက်ပြီး ဘဝသစ်ကိုလျှောက်လှမ်းနေတဲ့ ကာမီ့ရှေ့မှောက်ကို ကံကြမ္မာက သူတို့ နှစ်ယောက်ကိုမုန်တိုင်းတစ်ခုလို ပြန်လည်ခေါ်ဆောင်လာခဲ့ပါပြီ။

အချိန်တွေကသူတို့သုံးယောက်လုံးကို ပြောင်းလဲစေခဲ့ပေမယ့်၊ နှလုံးသားထဲကသံယောဇဉ်တွေကတော့ ပြန်လည်နိုးထလာတဲ့အခါ…

အတိတ်က ချိုမြိန်တဲ့အနမ်းကိုပိုင်ဆိုင်ခဲ့သူနဲ့ ပစ္စုပ္ပန်မှာ အမြဲတမ်းအားကိုးရာဖြစ်နေသူ

ဒီညီအစ်ကိုနှစ်ယောက်ကြားမှာ ကာမီရဲ့နှလုံးသားက ဘယ်သူ့အတွက် ဖြစ်မလဲဆိုတာကတော့ ရင်တလှပ်လှပ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။


Leave a Reply

Your email address will not be published. Required fields are marked *