Please Don’t Feed the Children

Please Don’t Feed the Children (2025)

Please Don’t Feed the Children ဆိုတဲ့ကားကတော့ ၂၀၂၅ ခုနှစ်မှာထွက်ရှိထားတဲ့ နာမည်ကျော် ဒါရိုက်တာ Steven Spielberg ရဲ့သမီးဖြစ်သူ Destry Allyn Spielberg ကိုယ်တိုင်ရိုက်ကူးထားပြီး မင်းသမီးကြီး Michelle Dockery နဲ့ Giancarlo Esposito တို့ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို Survival ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကမ္ဘာပေါ်မှာ လူကြီးတွေကိုပဲကူးစက်ပြီး လူသားစားတဲ့သတ္တဝါတွေအဖြစ်ပြောင်းလဲစေတဲ့ ဗိုင်းရပ်စ်ဆိုးကြီးပျံ့နှံ့သွားတဲ့အချိန်မှာ ကလေးတွေကို ရောဂါသယ်ဆောင်သူတွေအဖြစ်သတ်မှတ်ပြီး အကျဉ်းစခန်းတွေထဲထည့်ထားတဲ့ ကာလတစ်ခုကိုအခြေခံထားပါတယ်။

မိဘမဲ့မိန်းကလေးဖြစ်တဲ့မယ်ရီ ဟာ စခန်းကနေထွက်ပြေးလာရင်း ဂျက်ဖီ၊ဆက်ဒ် တို့လို တခြားမိဘမဲ့ကလေးတစ်သိုက်နဲ့ဆုံမိပြီး နယ်စပ်ဘက်ကလွတ်မြောက်ရာလမ်းကိုရှာဖွေဖို့ ခရီးဆက်ကြပါတော့တယ်။

လမ်းခရီးမှာအစားအစာခိုးယူရင်းဒဏ်ရာရလာတဲ့သူငယ်ချင်းအတွက် ဆေးကုဖို့ ကလာရာ ဆိုတဲ့အမျိုးသမီးရဲ့အိမ်မှာ ဝင်ရောက်ခိုလှုံမိရာကနေ ထင်မှတ်မထားတဲ့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံလာရမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *