ပူးပေါင်းစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)စစ်ဆင်ရေးနယ်မြေ အထူးတိုင်း စစ်ဌာနရဲ့ ချေမှုန်းရေး မွမ်းမံသင်တန်းကို ပဲခူးတိုင်းအတွင်းရှိ အထူးတိုင်း စစ်ဌာန လေ့ကျင့်ရေး သင်တန်းကွင်းမှာ ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အသိပေးထုတ်ပြန်ပါတယ်။

အဲဒီ သင်တန်းဆင်းပွဲကို လွန်ခဲ့တဲ့ တပတ် ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သင်တန်းရဲ့ ရည်ရွယ်ချက်ဟာ တိုင်းစစ်ဌာန ကွပ်ကဲမှု အောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေ၊ ဒေသ အခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲဘော်တွေကို ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်ဖို့ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ပေးတာလို့ အသိပေးထားပါတယ်။

အထူးတိုင်းစစ်ဌာနဟာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာ တွေ၊ တပ်ရင်း/တပ်ဖွဲ့‌ တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့‌ တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းစစ်ဌာနတခုဖြစ်ပါတယ်။ အထူးတိုင်းစစ်ဌာနမှာ နည်းဗျူဟာ (၅) ခု၊တရားဝင်ကွပ်ကဲမှုခံယူထားတဲ့တိုက်ခိုက်ရေးတပ်ရင်း(၁၂)ရင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဖြစ်တဲ့ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း (၃)ကြောင်း၊ဒရုန်းလက်ရုံးတပ်ဖွဲ့ (၆) ဖွဲ့ရှိပါတယ်။

အထူးတိုင်းစစ်ဌာနဟာ KNU/KNLAတပ်တွေနဲ့အတူ ကရင်၊မွန်၊ ရေး-ထားဝယ်ဒေသတို့မှာစစ်ရေးဖော်ဆောင်နေသလိုပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတို့နဲ့ ပူးပေါင်းပြီးပဲခူးတိုင်းနယ်မြေအချို့မှာလည်း စစ်ရေးဖော်ဆောင်နေပါတယ်။

ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *