ဇန်နဝါရီ ၅ ရက်မှစတင်ပြီး ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်မြို့တွင် ဒေါ်နယ်ထရမ့်နှင့် အမေရိကန် ထောက်ခံ အားပေးသူမှန်သမျှကို မာဂျူရိုကို လိုလားသော ဆိုင်ကယ်စီး ပြည်သူ့စစ်ဂိုဏ်းနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေး ဖမ်းဆီးနေသဖြင့် အကြောက်တရားများ စိုးမိုးနေကြပြီး လမ်းပေါ် မထွက်ရဲသည့် အနေအထား ဖြစ်နေသည်။

အမေရိကန်က မာဂျူရိုနှင့် ဇနီးအား ဖမ်းဆီးသွားပြီးနောက် အတွင်းသူလျှို ရှိသဖြင့် တည်နေရာသိပြီး အဖမ်းခံရခြင်း ဖြစ်သည်ဟု ဆိုနေကြရာ ၎င်း၏ သားဖြစ်သူက ဖခင်အား ထောက်ခံသည့် လူများအားလုံး လမ်းပေါ်ထွက်ကာ မိမိတို့ သမ္မတအပေါ် အပြည့်အ၀ ထောက်ခံကြောင်း ပြသမည်ဟု ကြုံးဝါးသလို ဇန်နဝါ ရီ ၅ ရက်က မာဂျူရိုထောက်ခံ အစိုးရအဖွဲ့ ဆက်လက် အုပ်စိုးနေသည့် ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက အမေရိကန်နှင့် ထရမ့် ထောက်ခံသူမှန်သမျှ ဖမ်းဆီးရမည်ဟု အစိုးရအမိန့် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဂိတ်ချ စစ်ဆေးမှုများတွင် လူများ၏ ဖုန်းများကို စစ်ဆေးပြီး အမေရိကန် ထောက်ခံသူဆိုပါက ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသလို ဆိုင်ကယ်ဂိုဏ်း Colectivos ဆိုသော ပြည်သူ့စစ်များကလည်း လမ်းများပေါ် သေနတ်များဖြင့် ရမ်းကားကာ လိုက်လံစစ်ဆေး ဖမ်းဆီးနေသဖြင့် ပြည်သူများ လမ်းပေါ် မထွက်ရဲသည့် အနေအထားဖြစ်လာရသည်။

ထိုနေ့မှာပင် သတင်းထောက် ၁၄ ယောက် အား ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံခြား သတင်းထောက် တစ်ယောက်ပါဝင်ခဲ့သဖြင့် ၎င်းကိုလည်း ပြည်တော် ပြန်ပို့ခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်ပသို့ တိမ်းရှောင်ထွက်ပြေးနေရသည့် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်လည်းဖြစ် မနှစ်က ငြိမ်းချမ်းရေး နိုဗယ်ဆုလည်း ရခဲ့သော မာရီယာကော်ရီနာ မာချာဒိုက လက်ရှိ ယာယီ ဝန်ကြီးချုပ်လုပ်သူ ဒဲလ်စီရိုဒရီဂွက်ဇ်သည် မာဂျူရိုလူသာ ဖြစ်သောကြောင့် မယုံကြည်ရကြောင်း ပြောကြားခဲ့သော်လည်း မကြာမီ ဗင်နီဇွဲလားအိမ်သို့ ပြန်မည်ဟု ပြောဆိုခဲ့ရာ ယခုလို ဖမ်းဆီး ရမ်းကားနေသဖြင့် အစီအစဉ် ပြောင်းဖွယ်ရှိသည်။

Ref: Thesun

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *