Dollhouse

Dollhouse (2025)

မိသားစုဝင်တစ်ယောက်လို ချစ်‌ပေးခဲ့တဲ့ အရုပ်တစ်ရုပ်က ဘယ်လို အန္တရာယ်တွေ ယူဆောင်လာမလဲ?

ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ တုန်လှုပ်‌ခြောက်ခြားဖို အရမ်းကောင်းတဲ့ ဂျပန်အရုပ်သရဲကား ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဆူဇူကီ ရိုရှီ နဲ့ သူမရဲ့ခင်ပွန်း တာဒါဟီကို တိုဟာ ၅ နှစ်အရွယ် သမီးလေး “မေ” ကို ဆုံးရှုးလိုက်ရပြီးနောက် ကြီးမားတဲ့ဝမ်းနည်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ရိုရှီတစ်ယောက် ဈေးဟောင်းတစ်ခုကနေ သမီးလေး မေနဲ့ တစ်ပုံစံတည်းတူတဲ့ အရုပ် တစ်ရုပ်ကို တွေ့ရှိခဲ့ပြီး သမီးလေးလိုပဲ ဂရုစိုက်ခဲ့ရာကနေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားကောင်းလာခဲ့ပါတယ်။

ဒါပေမယ့် ရိုရှီနဲ့ တာဒါဟီကိုတို သမီးလေး မိုင် ကို ထပ်မံရရှိချိန်မှာတော့ အဲဒီအရုပ်အပေါ် အာရုံစိုက်မှုတွေ လျော့နည်းသွားခဲ့ပါတယ်။ မိုင်လေး အသက် ၅ နှစ်အရွယ်ရောက်ပြီး အဲဒီအရုပ်နဲ့ စတင်ကစားတဲ့အခါမှာတော့ မိသားစုထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု စတင်ဖြစ်ပေါ်လာပါတော့တယ်။

ရိုရှီနဲ့ တာဒါဟီကိုတိုဟာ အရုပ်ကို စွန့်ပစ်ဖို နည်းအမျိုးမျိုး ကြိုးစားခဲ့ပေမယ့် အဲဒီအရုပ်က သူတိုဆီ အမြဲတမ်း ပြန်ရောက်လာခဲ့ပါတယ်။

ဒီအရုပ်လေးထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲ? ဆိုတာကိုတော့ သည်းထိတ်ရင်ဖိုစွာနဲ့ပဲ အတူကြည့်လိုက်ရအောင်ပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *