People We Meet on Vacation (2026)

“နှစ်ပေါင်းများစွာ သူငယ်ချင်းအဖြစ် စည်းမကျော်ဘဲ ခင်လာခဲ့ပြီးမှ တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားရင် ဘာဆက်တွေဖြစ်မလဲ?”
Best-selling ဝတ္ထုစာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ “People We Meet on Vacation” ဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ Poppy နဲ့ Alex ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းပါ။
Poppy က လွတ်လပ်ပေါ့ပါးပြီး ခရီးသွားရတာ ဝါသနာပါသူဖြစ်ပြီး Alex ကတော့ တည်ငြိမ်ပြီး စာအုပ်တွေကြားမှာပဲ ပျော်မွေ့သူပါ။
သူတို့နှစ်ယောက်မှာ ထူးခြားတဲ့ အစဉ်အလာတစ်ခုရှိပါတယ်။ အဲဒါကတော့ နှစ်စဉ် နွေရာသီတိုင်းမှာ အတူတူ ခရီး ထွက်ကြတာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ခရီးစဉ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကြောင့် သူတို့နှစ်ယောက်ဟာ စကားမပြောဖြစ်ကြတော့ဘဲ အဆက်အသွယ်ပြတ်သွားခဲ့ကြပါတယ်။
ဒီလိုနေလာရင်းနဲ့ Poppy က သူတို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့အတွက် Alex ကို နောက်ဆုံးအကြိမ်အဖြစ် ခရီးတစ်ခုအတူသွားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီခရီးစဉ်က သူတို့ရဲ့ သူငယ်ချင်းဘဝကို ဆက်ထိန်းထားပေးမလား၊ ဒါမှမဟုတ် ဖုံးကွယ်ထားတဲ့ အချစ်တွေကို ဖွင့်ဟခွင့်ရမလားဆိုတာ ရင်ခုန်စွာကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
Poppy နဲ့ Alex တို့နှစ်ယောက် Friend Zone ထဲကရုန်းထွက်နိုင်ကြပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။


Leave a Reply