Ronny – The Ruler

Ronny – The Ruler (2024) ရော်နီ

အနုပညာကို မြတ်နိုးပြီး ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့ လူငယ်လေးရာဂါဗာ..

ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် သူက နာမည်ကြီး လူဆိုးဂိုဏ်းခေါင်းဆောင်ကာလီရဲ့ သားဖြစ်သူ ဂေါ်လီကို မတော်တဆ သတ်မိသွားရာကနေ သူ့ရဲ့ အိမ်မက်တွေ အားလုံး ပျက်စီးသွားခဲ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ထောင် (၅) နှစ် ကျသွားခဲ့တဲ့ ရာဂါဗာက ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့အခါမှာတော့ အရင်က ရိုးသားတဲ့ မင်းသားအိပ်မက်ရှင်လေး မဟုတ်တော့ဘဲ လူအများက ကြောက်ရွံ့ရတဲ့ ရော်နီဆိုတဲ့ နာမည်သစ်နဲ့ လူမိုက်လောကရဲ့ ထိပ်တန်းကို ရောက်ရှိလာပါတော့တယ်။

လူတစ်ယောက်ဟာ သူ့အိမ်မက်တွေ ဆုံးရှုံးသွားတဲ့အခါ ဘယ်လောက်အထိ ကြောက်စရာကောင်းသွားနိုင်မလဲ ဆိုတာကို ဒီဇာတ်ကားမှာ ဆက်လက်အဖြေရှာကြည့်လိုက်ပါဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *