Silent Screams : The Lost Girls Of Telangana

Silent Screams (2026)

“တိတ်ဆိတ်သော အော်သံများ”

ဒီတစ်ခါဇာတ်ကားကတော့အိန္ဒိယနိုင်ငံရဲ့ အမှောင်မိုက်ဆုံးနှင့် စိတ်မကောင်းစရာ အကောင်းဆုံး ဖြစ်ရပ်မှန်မှုခင်းများကို အခြေခံရိုက်ကူးထားတဲ့ Documပentary Series တစ်ခုဖြစ်ပါတယ်။

ဒီဇာတ်ကားက သာမန်ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ လူ့အဖွဲ့အစည်းအတွင်းမှာ ပုန်းကွယ်နေတဲ့ ဘေးအန္တရာယ်များကို သတိပေးနှိုးဆော်ထားတဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ တီလန်ဂါနာ (Telangana) ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် တုန်လှုပ်ချောက်ချားဖွယ်ရာ လူသတ်မှုများနှင့် အမျိုးသမီးငယ်များအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများကို အဓိကထား တင်ပြထားပါတယ်။

အထူးသဖြင့် Hajipur, Warangal နှင့် Yellapatar စတဲ့ ဒေသများမှာ ဆက်တိုက်ဆိုသလို ပျောက်ဆုံးသွားခဲ့တဲ့ မိန်းကလေးငယ်များ၏ နောက်ကွယ်က လျှို့ဝှက်ချက်များကို စုံစမ်းဖော်ထုတ်ပြသထားပြီး အပြစ်မဲ့ကလေးငယ်များအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တရားခံများရဲ့ စိတ်နေစိတ်ထားနှင့် ၎င်းတို့ကို ဖမ်းဆီးနိုင်ရန် ကြိုးစားခဲ့ရသည့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို အသေးစိတ် ရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *