မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာနှင့် အလူးလေးကျေးရွာအကြားတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဘက်မှ ခမရ ၃ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း KNU စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်အချိန် ဘီလင်းမြို့နယ်၊ အလူးလေးကျေးရွာဘက် သို့ ကင်းလှည့်ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း၊ လက် နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၃ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ထူးလင်း အပါအဝင်အများအပြား သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ခမရ ၃ ဒုတပ်ရင်းမှူးလည်း သေတယ်။ သူက လွန်ခဲ့တဲ့တစ်လခွဲလောက်ကမှ ပြောင်းလာတဲ့သူပါ။ မိုင်းကွင်းထဲမှာ သေတာ လည်းရှိတယ်။ ပစ်ခတ်တိုက်ခိုက်တာမှာ သေတာလည်းရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ခြုံခိုတိုက်ခိုက်တာဆိုတော့ အန္တရာယ်ကင်းတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

သေဆုံးသူ ဗိုလ်မှူးထူးလင်းမှာ အသက် ၃၅ နှစ်အရွယ်ရှိပြီး သေဆုံးချိန်တွင် ဇနီးနှင့်သမီး ၁ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က KNU တပ်မဟာ ၁ နယ်မြေအတွင်းတွင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာပြီး လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော နေရာများကို ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို စစ်တပ်က အရှိန်အဟုန်မြှင့်လုပ်ဆောင်လာနေကြောင်း KNU စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *