The Pact II (2014)

The Pact II ဟာ ၂၀၁၂ The Pact ရဲ့တိုက်ရိုက်အဆက်ဖြစ်ပြီး ပထမဇာတ်ကားရဲ့အဖြစ်အပျက်တွေ နောက်ရက်သတ္တပတ်အနည်းငယ်အကွာကိုပဲ အခြေခံထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ June Abbott ဆိုတဲ့လူသတ်မှု/လူသေမှုတွေဖြစ်ပွားထားတဲ့ အခင်းဖြစ်နေရာကိုသန့်ရှင်းရေးအဖြစ်လုပ်ကိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ဦးကိုအခြေခံထားပါတယ်။
ဂျွန်ဟာ ဂျူးဒတ်စ်လူသတ်သမားနဲ့ ပတ်သက်ပြီးထူးဆန်းတဲ့ အိမ်မက်ဆိုးတွေမကြာခဏဆိုသလိုမြင်မက်နေပြီး လက်တွေ့ဘ၀မှာလည်း ဂျူးဒတ်စ်ရဲ့ခြေရာလက်ရာတွေအတိုင်းပုံစံတူလူသတ်မှုတွေကျူးလွန်နေတဲ့ လူသတ်သမားတစ်ယောက်ပေါ်ပေါက်လာခဲ့ပါတယ်။
သူနဲ့ဘာမှမသက်ဆိုင်ဘူးလို့ထင်နေခဲ့တဲ့ အနိဌာရုံဖြစ်ရပ်ဆိုးတွေဟာ သူ့ကိုဗဟိုပြုပြီးဖြစ်ပေါ်နေတာဆိုတဲ့အကြောင်းကိုတော့ အက်ဖ်ဘီအိုင်အရာရှိတစ်ယောက်ဖြစ်တဲ့ ဘဲလတ်ဒ်က သူ့ကိုဆက်သွယ်လာချိန်မှာဂျွန်တစ်ယောက်အထိတ်တလန့်သိလိုက်ရပါတော့တယ်။
ပထမဇာတ်ကားမှာပါတဲ့ လျှို့ဝှက်ချက်တွေကို ဆက်စပ်ပြထားတာဖြစ်တဲ့အတွက် ပထမကားကိုကြည့်ဖူးရင် ပိုပြီးနားလည်လွယ်မှာဖြစ်ပါတယ်။


Leave a Reply