သီတဂူဆရာတော် ဦးဉာဏိဿရ နဲ့ ဥူးဝီရသူ တို့ကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်သူအဖြစ် ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေ (Mr Arsalan Suleman) က သက်သေ တင်သွင်းခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ကျင်းပနေတဲ့ မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ ကြားနာပွဲပြန်လည်စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ တရားခွင်မှာ သီတဂူဆရာတော်နဲ့ ဥူးဝီရသူတို့ အပါအဝင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေဟာ စစ်တပ်ရဲ့လူမျိုးတုံး သတ်ဖြတ်မှုအတွက်လှုံ့ဆော်ခဲ့သူတွေ ဖြစ်ကြောင်းသက်သေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားရေးအစွန်းရောက်အဖွဲ့ လို့ ဝေဖန်ခံရတဲ့ မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ကြီးထွားလာခဲ့ပြီး ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ နဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအထိ သွေးထိုးလှုံ့ဆော်မှု တွေ ရှိခဲ့တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု သီတဂူဆရာတော်နှင့် ဦးဝီရသူတို့ လှုံ့ဆော်ခဲ့ဟု ICJ ၌ တင်

စစ်တပ်၏ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင် သီတဂူဆရာတော်၊ ဦးဝီရသူတို့ အပါအဝင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ အစွန်းရောက် ဘုန်းကြီးများက ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ ဖြန့်ချိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က ဇန်နဝါရီ ၁၂ ရက် အမှုပြန်လည်စတင် ကြားနာမှုအတွင်း သက်သေအဖြစ် တင်သွင်းခဲ့သည်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဘုန်းကြီးများထဲမှ အထင်ရှားဆုံးဖြစ်သည့် ဦးဝီရသူသည် ရိုဟင်ဂျာ များအပေါ် နှိမ့်ချသည့်စကားလုံးများ မကြာခဏ သုံးနှုန်းခဲ့သလို စစ်တပ်မှလည်း ဦးဝီရသူ၏ ရိုဟင်ဂျာမုန်းတီးရေးသတင်း စကားများအား Facebook ၌ ပြန်လည်ဖြန့်ဝေခဲ့ကြောင်း၊ ၂၀၂၃ ဇန်နဝါရီ ၄ ရက်တွင်လည်း နိုင်ငံအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဝီရသူကို သီရိပျံချီဘွဲ့ပေးအပ်ခဲ့ ကြောင်း ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်နှောင်းပိုင်း ရိုဟင်ဂျာများအပေါ် ပထမအကြိမ် သတ်ဖြတ်တိုက်ခိုက်မှုများအပြီး မဘသ ဘုန်းကြီး ဦးဝီရသူသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ကာ စစ်တပ်အရာရှိများနှင့် တွေ့ဆုံခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံရှေ့နေက တင်သွင်းသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နာမည်ကြီးဘုန်းကြီး သီတဂူဆရာတော်ကလည်း ၂၀၁၇ အောက်တိုဘာလ ရိုဟင်ဂျာများအား နယ်မြေရှင်းလင်းရေးဆိုကာ သတ်ဖြတ်မှုများအတွင်း တရားပွဲတခုပြုလုပ်ခဲ့ပြီး စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ဆိုသည်။

သီတဂူ၏ ဟောပြောချက် အပြည့်အစုံကိုပါ တင်သွင်းခဲ့ပြီး ယင်းဟောကြားမှုအား စစ်တပ်မှ ၎င်းတို့၏ လူမှုကွန်ရက်စာ မျက်နှာတွင် ၁၁ ကြိမ်တိုင် တင်ခြင်းဖြင့် ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်သည့်အတွက် ကောင်းခြင်းမကောင်း ခြင်းကို မသိသော တိရစ္ဆာန်များသကဲ့သို့ ဖြစ်နေသဖြင့် ၎င်းတို့အား သတ်ဖြတ်ခြင်းသည် အကုသိုလ်မဟုတ်ဆိုသည့် သတင်းစကားကို ရှင်းလင်းစွာဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံရှေ့နေက ပြောကြားသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာစစ်ဆေးမှုများကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်နေခြင်း ဖြစ်သည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *