Kakak

Kakak

Kakak (2015)

အဒီနဲ့ကီရာနာတို့ဟာ ကလေးရဖို့ခက်ခဲနေတဲ့ ဇနီးမောင်နှံဖြစ်ပြီး ပန်းနာရောဂါသည် ကီရာနာဟာ ကိုယ်ဝန်သုံးကြိမ်ပျက်ကျဖူးတဲ့စိတ္တဇ၊ ရောဂါရဲ့နှိပ်စက်မှုနဲ့ ယောက္ခမဖြစ်သူရဲ့စောင်းမြောင်းပြောဆိုမှုတွေကြောင့် ကိုယ်စိတ်နှလုံးဂျုံးဂျုံးကျနေရပါတယ်။

အဲ့ဒီလိုအနေအထားကိုရောက်လာချိန်မှာတော့ အဒီဟာ စိတ်ပိုင်းဖြတ်ပြီး ဇနီးသည်ကိုခေါ်ဆောင်ပြီးမိခင်ဖြစ်သူနဲ့ဝေးရာ ဖြစ်တဲ့နေရာတစ်ခုမှာ အိမ်သစ်တစ်လုံးဝယ်ယူပြောင်းရွှေ့လာခဲ့ပါတယ်။

အိမ်အသစ်မှာ ကိုယ်ရောစိတ်ပါ ကျန်းမာရေးတိုးတက်ပြီး ပျော်ရွှင်သွက်လက်လာတဲ့ ဇနီးဖြစ်သူကြောင့် ဝမ်းသာလို့မဆုံးခင်မှာပဲ သူ့ဇနီးဖြစ်သူ ပုံစံပြောင်းလာတဲ့အကြောင်းရင်းကိုသိလိုက်ရပါတော့တယ်။

အဲ့ဒါကတော့ သူတို့ရဲ့အိမ်အသစ်မှာ ကလေးမလေးတစ်ယောက်ရဲ့မကျွတ်မလွတ်ဝိဉာဉ်တစ်ခုရှိနေပြီး ကလေးလိုချင်နေတဲ့ သူ့ဇနီးနဲ့မိခင်လိုချင်နေတဲ့ ဝိဉာဉ်တစ္ဆေကလေးမလေးတို့ဟာ မိတ်ဆွေဖြစ်နေကြပြီဆိုတာပါပဲ။

သူတို့ဇနီးမောင်နှံကိုယ်ပိုင်ကလေးရဖို့ဖြစ်လာတဲ့အခါဒီဝိဉာဉ်ကလေးမက ဆက်ပြီးကြည်ဖြူနိုင်ပါ့မလား?

အန္တရာယ်မပေးပဲ သူတို့ကိုဆက်ပြီးစောင့်ရှောက်မှုပေးနိုင်ဦးမလား?

သူ့ရဲ့နောက်ကြောင်းကဘယ်လိုဖြစ်ရပ်ဆိုးတွေရှိခဲ့မလဲ အစရှိတာတွေကိုဆက်လက်ရှုစားကြပါ။

ဒါရိုက်တာဖြစ်သူ Ivander ရဲ့အဘိုးနဲ့မြေးတို့ရဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတာလို့ ဆိုပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *