Dhandoraa

Dhandoraa (2025)

ကြေညာချက်

မယ်ဒက်ပြည်နယ်ထဲက မြို့ပြနဲ့ဝေးနဲ့ရွာလေးတစ်ရွာမှာ ဇာတ်နိမ့်မျိုးနွယ်တွေဟာ အသုဘရှိရင် ဇာတ်မြင့်တွေလို သုဿန်မှာ သင်္ဂြိုဟ်ခွင့်မရကြပါဘူး။

ဇာတ်နိမ့်တွေပုံမှန် မီးသင်္ဂြိုဟ်ဖို့သွားတဲ့လမ်းမှာ ဘုရားကျောင်းပိတ်ဆောက်ထားတဲ့အတွက် ဇာတ်နိမ့်တွေဟာ လူေသရင် တံတားတစ်ခုအောက်မှာပဲ ဖြစ်သလိုမီးသင်္ဂြိုဟ်ကြရပါတယ်။

အဲဒီရွာလေးမှာ ထုံးစံအတိုင်း ဇာတ်နိမ့်ဇာတ်မြင့် ချစ်ကြိုက်ကြတဲ့ အချစ်ဇာတ်လမ်းတွေလည်းရှိပြီး၊ အဲဒီရွာလေးကနေ မြို့ကြီးပြကြီးကို၊ နိုင်ငံခြားကိုထွက်သွားပြီး ဘယ်တော့မှပြန်မလာဘူးလို့တွေးတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။

တစ်နေ့မှာတော့ ကိစ္စတစ်ခုကြောင့် အသိုင်းအဝိုင်းထဲက ဖယ်ကျဉ်ခံထားရတဲ့ ရှီဗာဂျီဆိုတဲ့ ဇာတ်မြင့်မျိုးနွယ်တစ်ယောက် ကွယ်လွန်သွားတာကြောင့် မြို့မှာအခြေချနေတဲ့ သူ့ရဲ့သားဖြစ်သူ ရွာကိုပြန်လာရာကနေ ရွာလေးထဲမှာ ဇာတ်လမ်းအဖုံဖုံကြုံရပုံတွေကို ဒီကျေးလက်လူနေမှု နေ့စဉ်ဘဝတွေကို သဘာဝကျကျပုံဖော်ပြထားတဲ့ ဒီတေလေဂူးစကားပြောရုပ်ရှင်လေးထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *