Call of The Dead

Call of The Dead

Call of The Dead (2025)

ပိတ်ဖြူခြုံသရဲနဲ့ ကျိန်စာသင့်ရွာ

အယ်လ်ယာနဲ့ရာကာတို့ဟာ တစ်ဦးတည်းသော သမီးလေးဂျပ်စ်မင်းနဲ့အတူ မိခင်ဖြစ်သူရှိရာ ရွာကိုအလည်အပတ်ထွက်ခဲ့ကြပါတယ်။

သူတို့မိသားစု ရွာက နေအိမ်ကိုရောက်ပြီးကတည်းက ပုံမှန်မဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေစပြီးဖြစ်ပေါ်လာတာကို မိခင်ကြီး ဒေဝီက သတိထားမိခဲ့ပေမယ့် ရေငုံနူတ်ပိတ်နေခဲ့ပါတယ်။

ရောက်ပြီးမကြာခင်မှာပဲ အယ်လ်ယာငယ်စဉ်က သွားခဲ့ဖူးတဲ့ရေကန်ကြီးဆီကိုဂျပ်စ်မင်း ပူဆာလို့လိုက်ပို့တဲ့အချိန်၊ သတိတစ်ချက်အလွတ်မှာ ဂျပ်စ်မင်းလေးဟာ ရေကန်ကြီးထဲပြုတ်ကျဆုံးပါးသွားပါတော့တယ်။

ပူဆွေးသောက အတိနဲ့သူတို့ဇနီးမောင်နှံဟာ သမီးကိုသဂြိုလ်ထားခဲ့ပြီး မြို့ကိုပြန်သွားခဲ့ရပေမယ့် ဒါတွေဟာ သူတို့ဒုက္ခတွေရဲ့အစသာဖြစ်တယ်ဆိုတာ မသိခဲ့ကြပါဘူး။

ဘာကြောင့်လဲဆိုတော့ မကျွတ်မလွတ်ဖြစ်သွားခဲ့တဲ့ ဂျပ်စ်မင်းဟာ သူတို့ကိုအကြီးအကျယ်ခြောက်လှန့်ရုံတင်မက ရွာသားတွေကိုပါ တစ်ယောက်ပြီးတစ်ယောက်လိုက်လံသတ်ဖြတ်လာလို့ပါပဲ။

ဒါတွေအားလုံးရဲ့နောက်ကွယ်က အကြောင်းရင်းက ဘာဖြစ်မလဲ?

လက်ရှိဖြစ်နေတဲ့ ဖြစ်စဉ်တွေဟာ သူတို့အိမ်၊ သူတို့ရွာနဲ့ဘယ်လိုအဆက်အစပ်တွေရှိမလဲအစရှိတာတွေကို အင်ဒိုဟော်ရာတွေထုံးစံ အသည်းတအေးအေးနဲ့ကြည့်ရမယ့် ဇာတ်ကားပါပဲ။


Leave a Reply

Your email address will not be published. Required fields are marked *