မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဇန်နဝါရီ ၁၅ ရက်မှ စတင်ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင်လဝက သတင်းမှာ ရေးသားထားပါတယ်။

ထိုင်းအစိုးရက တားမြစ်ထားတဲ့ ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *