ဂရင်းလန်းကျွန်း ဝယ်ယူဖို့ အမေရိကန်ပြည်ထောင်စုကို ခွင့်ပြုတဲ့အထိ ဥရောပမဟာမိတ်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၁၇ ရက်မှာ Truth Social လူမှုကွန်ရက်ပေါ်မှာ ပို့စ်တခုတင်ပြီး ခုလို ကြေညာလိုက်ပါတယ်။
ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိတ်ဗြိတိန်၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတို့ကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတာဟာ ဖေဖော်ဝါရီ ၁ ရက်မှာ အသက်ဝင်မယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ဒီအခွန်တွေဟာ ဇွန် ၁ ရက်မှာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကို ဂရင်းလန်းကျွန်း ဝယ်ဖို့ သဘောတူညီချက်ရတဲ့အထိ ဆက်တည်ရှိနေမယ်လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
Source: Reuters

Leave a Reply