Attack on Titan II: End of the World (2015)

ဒီဇာတ်ကား ကတော့ ဂျပန် Anime နဲ့ manga လောကမှာ နာမည်ကြီး ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Attack on Titans ကို လူသရုပ်ဆောင် တွေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဒုတိယပိုင်းဖြစ်ပါတယ်။
ကမ္ဘာဖျက် လူသားစား titan ကောင်ကြီးတွေ ဟာ လူသားမျိုးနွယ် တွေကို မျိုးသုဉ်းလောက်သည်ထိ ဒုက္ခပေးနိုင်စွမ်း ရှိပြီး လူသားတွေ ရဲ့ နောက်ဆုံး မျှော်လင့်ချက်က အဲရန် ဆိုတဲ့ လူငယ်လေးနဲ့ သူ့ သူငယ်ချင်းတွေ ပေါ်ကို စုပြုံကျလာပါတယ်။
Titanတွေရဲ့ ရန်ကိုကြောက်လို့ နံရံအမြင့်ကြီးတွေ နောက်မှာနေ နေရတဲ့ လူသားတွေထဲမှာ အဲရန်ဆိုတဲ့ လူငယ်ကတော့ အကြောက်အလန့် မရှိတဲ့ လူငယ်တစ်ယောက်။
သူ့သူငယ်ချင်း အာမင် ကတော့ လူကြောက်တစ်ယောက်ဖြစ်ပြီး အဲရန် ပြောသမျှ ယုံကြည်လက်ခံ တတ်တဲ့ ကောင်မလေး မီကာဆာ တို့နဲ့ titan တွေရဲ့ အားပြိုင်ပုံတွေကို ခပ်ကြမ်းကြမ်းလေး ရိုက်ပြထားပါတယ်။
anime မှာ သိပ်မသိသာပေမယ့် လူသားဇာတ်ကောင်တွေနဲ့ ရိုက်တဲ့အခါမှာတော့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေက age restriction တွေ သတ်မှတ်ရတဲ့ထိ ဖြစ်စေခဲ့ပါတယ်။
titan တွေရဲ့ အားပြိုင်ပုံတွေ လူငယ်တွေရဲ့ ချစ်တြိဂံ ဇာတ်လမ်းတွေနဲ့ အတူ ဇာတ်အိမ်တည်ထားပါတယ်။
မူရင်း Manga က ဇာတ်ကောင်တွေနဲ့ လူသားဇာတ်ကောင်တွေကြား ကွဲလွဲမှုတွေရှိပြီး ဝေဖန်မှုတချို့ တော့ ရရှိထားပါတယ်။
ဒါကလည်း နာမည်ကြီး ဇာတ်လမ်း တွေကို ပြန်ရိုက်ခဲ့အခါမှာ ပရိသတ်တွေရဲ့ High expectation ကြောင့် ဖြစ်တတ်တဲ့အရာတစ်ခု ဖြစ်ပြီး anime နဲ့ မနှိုင်းယှဉ်ဘူးဆိုရင် ရုပ်ရှင်သက်သက် ရဲ့ အရသာမျိုးကို အကောင်းဆုံး ခံစားရမှာပါ။


Leave a Reply