Death Name (2026)

ဆိုဖီပါ့ခ်ဟာ ကိုရီးယားနွယ်ဖွား အမေရိကန်သူလေးတစ်ယောက်ဖြစ်ပြီး သူပြောင်းသွားတဲ့ကျောင်းအသစ်မှာ ကိုရီးယားက ကျောင်းလာတက်ကြတဲ့ ကိုရီးယားသားအစစ် သူငယ်ချင်းတွေနဲ့ဆုံတွေ့ခဲ့ရပါတယ်။
အဲ့ဒါကြောင့်ပဲ သူ့မျိုးနွယ်အကြောင်းကို သိချင်စိတ်တွေဖြစ်လာခဲ့ပြီး အိမ်က မိဘတွေကိုမေးမြန်းခဲ့ပေမယ့် သူ့အဘွားရဲ့တစ်ချက်လွှတ်အမိန့်အရ သူတို့အိမ်မှာ ကိုရီးယားနဲ့ပတ်သက်တာတွေကိုတော်ရုံပြောခွင့်မရပါဘူး။
သူ့မှာကိုရီးယားနာမည်ရှိတယ်ဆိုတာ သိရပေမယ့်လည်း အဲ့ဒီနာမည်ကိုသူမသိသလိုသုံးစွဲခွင့်လည်းမရှိပါဘူး။ သူ့အဘွားဟာ ကိုရီးယားကနေ ဒုက္ခသည်အဖြစ်ထွက်ပြေးလာခဲ့ရလို့ မွေးရပ်မြေကိုစိတ်နာနေခဲ့ဟန်ရှိပေမယ့် ဘားတစ်ခုမှာဆုံခဲ့တဲ့ ကိုရီးယားသားလူချောလေး ဂျွန်းနဲ့စတင်တွေ့ဆုံချိန်မှာတော့သူ့ရဲ့ငယ်ဘ၀ပဟေဠိတွေအားလုံးဟာ အဖြေပေါ်ဖို့နီးစပ်လာခဲ့ပါတော့တယ်။
မျိုးရိုးစဉ်ဆက်ကျိန်စာတစ်ခု၊ ကလဲ့စားချေဖို့ထပ်ချပ်လိုက်နေတဲ့ ဝိဉာဉ်တွေနဲ့ သူ့မိသားစုရဲ့အတိတ်ဟောင်းတွေဟာဘယ်လိုဆက်စပ်နေမလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။


Leave a Reply