အဲ့ဒီ မုဒိန်းကောင်ရဲ့အမေက အနိုင်ကျင့်ခံရတဲ့ကလေးမကို “နင်ကတားဆေးသောက်လိုက်ရင်ပြီးတဲ့ကိစ္စ ငါ့သားကအမှုရင်ဆိုင်ရတော့မယ်” ဆိုပြီးပြောသေးတာတဲ့
အဲ့လိုအမေရှိလို့ သားကဒီလိုလုပ်ရဲတာ။

အဲဒီကောင်မှာရည်းစားလည်းရှိတယ်
သူ့ရည်စားနဲ့က ယူကာနီးဆိုပဲ
အဲ့ဒီ့သူတောင်းစားနှာဘူးကောင် အကောင့်
https://www.facebook.com/zarni.thway.3576

ဒါက သူ့အဖေ မြင့်လွင်ဦး အကောင့်
https://www.facebook.com/kyaung.saya.54

သူ့အမေ အေးမြနွယ် အကောင့်ကတော့ ဒီ ထားပါပြီ
တောင်ကြီး အောင်မြေသစ် ကိုယ်ပိုင်ကျောင်းတွင် ကျောင်းအုပ်၏သားဖြစ်သူ ကျောင်းဆရာက ကျောင်းသူအား အဓမ္မကျင့်
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ကိုယ်ပိုင်ကျောင်း ဆရာတစ်ဦးမှ ကျောင်းသူတစ်ဦးအား ခြိမ်းခြောက်၊ ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၅ ရက်၊ နေ့လည် ၁ နာရီခန့် ကအဆိုပါ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်း ကျောင်းတွင် ကျောင်းတက်နေသည့် Grade 12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံခွင့်တောင်းပြီး အဆောင်၌ ပြန်နားနေစဉ် ကျောင်းအုပ်၏သားလည်းဖြစ်၊ ဆရာအဖြစ်လည်းလုပ်ကိုင်သူ ဇာနည်သွေးက “အရင်ကရည်းစားရှိဖူးလား” ဟုမေးမြန်းကာ ခြိမ်းခြောက်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိသူများက ပြောပြသည်။
“ပုံမှန်ဆို ဖျားရင် ကျောင်းကနေ အဆောင်ကို ဆရာမတွေပို့နေကြပါ။ အဲ့နေ့က ဖြစ်ချင်တော့ဆရာမတွေ မအားနေတုန်း ကျောင်းအုပ်သား(ကျူးလွန်သူ)က သွားပို့လိုက်တာပါ။ အဲ့နေ့က အဆောင်နေသူ ကလေးမ၂ဦး ဖျားကြပါတယ်၊၏။ အဆောင်က ၄ထပ်ဆိုတော့ အပေါ်ထပ်မှာ တစ်ယောက် အောက်ဆုံးထပ်မှာ တစ်ယောက်ပါ။ အောက်ဆုံးထပ်မှာနေတဲ့ ကလေးမကို သူကျူးလွန်ခဲ့တာပါ” ဟု သစ်တောရပ်ကွက်နေ ဖြစ်စဉ်သိသူတစ်ဦးက ပြောပြသည်။

ကျူးလွန်သူ ဆရာ၏ မိခင်ဖြစ်သူ ကျောင်းအုပ် ဒေါ်အေးမြနွယ်က နစ်နာသူကျောင်းသူအား ယခုကိစ္စအား နှုတ်ပိတ်ထားပေးရန်နှင့် ကျောင်းသူတောင်းဆိုသမျှ အကုန်လုပ်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းခဲ့ကြောင်း သိရသည်။
“ဆရာမကြီးက အဲ့ကလေးမကို ရုံးခန်းခေါ်ပြီး အဲ့ကိစ္စ နှုတ်ပိတ်ပေးဖို့ တောင်းဆိုခဲ့တယ်တဲ့။ အဲ့ကလေးမ ဘာဖြစ်ချင်လဲ အကုန်လုပ်ပေးမယ်ပေါ့။ ကလေးမက ကြောက်နေတော့ ဉာဏ်သုံးပြီးဖုန်းတောင်းခဲ့တယ်။ အဲ့ညပဲ ကလေးမက သူ့မိဘကို လှမ်းအကြောင်းကြား၊ မိဘရောက်လာမှ အဆောင်ဆရာမတွေအကုန် သိခဲ့ရတာတဲ့” ဟု အောင်မြေသစ် ကိုယ်ပိုင်ကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။

မုဒိန်းမှု ကျူးလွန်သူ ဇာနည်သွေးကို ယမန်နေ့ ဇန်နဝါရီလ၁၈ ရက်နေ့လယ်ပိုင်းတွင် သစ်တောရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းပေါ်ရှိ တောင်ကြီးဟိုတယ် အနီးတွင် ဖမ်းဆီးရမိခဲ့ပြီ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အောင်မြေသစ်ကိုယ်ပိုင်ကျောင်းသည် အဆောင်နေကျောင်းသားများကို တနင်္ဂနွေနေ့တိုင်း သိမ်းထားသောဖုန်းများ ပြန်ထုတ်ပေးပြီး အသုံးပြုခွင့်ပေးသော်လည်း ယမန်နေ့က သတင်းပေါက်ကြားမည်ဆိုးပြီး ဖုန်းလုံးဝထုတ်မပေးရာ ကျောင်းသူများက ငိုယိုတောင်းမှသာ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“စနေနေ့က တနေကုန် အဆောင်ပိတ်လှောင်ထားတာ၊ ကျောင်းအုပ်လည်းမရှိတော့ဘူး။ တနင်္ဂနွေညမှ ကလေးတွေငိုယို ဖုန်းတောင်းကြမှ အိမ်နဲ့ဆက်သွယ်ရပြီး ဆရာမတွေက အိမ်ပြန်နေချင်သူ ပြန်လို့ရတယ်ပြောလို့ မြို့ပေါ်နေသူတွေက ကိုယ့်သားသမီးကိုယ် ညတွင်းချင်းသွားပြန် ခေါ်ခဲ့ကြတာ။ နယ်ကလာနေတဲ့သူလောက်ပဲကျန်တော့မယ်။ သူတို့လည်း ပြန်ကြမှာပဲ။ မနေရဲတော့ဘူးလေ” ဟု ကျောင်းသားမိဘ တစ်ဦးကဆိုသည်။
ကျူးလွန်ခံရသူ အမျိုးသမီးငယ်မှာ မျက်နှာတွင် ရိုက်နှက်ခံထားရသည့် ညိုမဲဒဏ်ရာများအပြင်၊ ကိုယ်တွင်းအင်္ဂါထိခိုက်သည့် ဒဏ်ရာပါရရှိထားသောကြောင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

ကျူးလွန်သူ ဆရာဇာနည်သွေးသည် ၂၀၂၅ ခုနှစ် ဇွန်လကမှ ဘန်ကောက်တွင်ကျောင်းတက်နေရာမှ ပြန်လာပြီး မိဘပိုင် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းတွင် ဆရာအဖြစ်ပြန်လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရသည်။ လာမည့် ဖေဖော်ဝါရီလတွင် ၎င်းချစ်သူနှင့် မင်္ဂလာဆောင်တော့မည် ဖြစ်ကြောင်းလည်းသိရသည်။
ယင်းကိုယ်ပိုင်ကျောင်းတွင် သင်ကြားရေး ဆရာ၊ဆရာမ ၂၆ ဦး၊ စီမံဝန်ထမ်း ၉ ဦး ရှိပြီး လက်ရှိအဆောင်၌ ကျောင်းတက်ရောက်နေသူ ကျောင်းသား ၁၇၈ ဦး၊ ကျောင်းသူ ၂၄၆ ဦး၊ စုစုပေါင်း ၄၂၄ ဦးရှိကာ ညအိပ်ညနေ တက် ရောက်သူ ကျောင်းသား ၁၀၁ ဦး၊ ကျောင်းသူ ၁၀၆ ဦး၊ စုစုပေါင်း ကျောင်းသား/သူ ၂၀၇ ဦး ရှိကြောင်း သိရသည်။

Leave a Reply