ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)နှင့် စစ်ကော်မရှင်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ဝ ဦးခန့် သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု SF/SAF က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့နယ်သို့ အတုအယောင်ရွေးကောက်ပွဲအတွက် အင်အားဖြည့်တင်းရန်ထွက်လာသော အင်အား (၁၅ဝ)ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနှင့် SF/SAF တို့ မဟာမိတ်ပူးပေါင်းတပ်များသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SF/SAF ၏ ဇန်နဝါရီလ ၂ဝ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဆိုပါတိုက်ပွဲအတွင်း ရန်သူ့စစ်ကြောင်းမှ (၂၀) ဦးခန့်ကျဆုံးခဲ့ပြီး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပွိင့် ၅ (.5) စက်သေနတ်တပ်ဆင်ထားသော ကား (၁) စီး ပျက်စီးခဲ့သည်။ MA 1 (၁) လက်၊ MA 2 (၁)လက် နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ နမခမှ Paramotor စက်တပ်လေထီးဖြင့် (၂)ကြိမ်၊ Y-12 ဖြင့် (၂)ကြိမ်၊ အမတ(၅၀၈)မှ ဟော်ဝစ်ဇာ လက်နက်ကြီးဖြင့် (၅)ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်များမှ အထိအခိုက်မရှိခဲ့သော်လည်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်သုံးဦးကျဆုံးခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် (SAF)နှင့်အတူ Budalin Mobile Team (ဘုတလင်ရွေ့လျားစစ်ကြောင်း )၊ ရွာဇော်ကြီး- တော်လှန်အသံ (YZG)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း(မုံရွာခရိုင် တပ်ရင်း -၁၈)၊ မုံရွာခရိုင်တပ်ရင်း -၂၅ တပ်ခွဲ-၄ (Y.S.A.F)၊ Yadanabon Revolution Force (YRF)၊ Sagaing PDF၊ Depeyin Mobile Team (DPY) နှင့် BLDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *