Secret Reunion (2010)

အခုတစ်ခါမှာတော့ 2010 ခုနှစ်ရဲ့ Blue Dragon Awards မှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရရှိခဲ့တဲ့ Secret Reunion ဆိုတဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
သရုပ်ဆောင်တွေကလည်း အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Parasite, A taxi driver မှ မင်းသားကြီး Song Kang Ho နှင့် Tempest, Uprising မှ မင်းသားကြီး Kang Dong Won တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ ကြည့်ရတာ တန်မဲ့ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း
လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ဆိုးလ်မြို့မှာ ပဟေဠိဆန်တဲ့ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပြီး အဲဒီပစ်ခတ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်ပဲ အီဟန်ဂယူ (Song Kang Ho) ဟာ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကနေ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။
အဲဒီလိုနဲ့ ၆ နှစ်အကြာမှာတော့ ဆိုးလ်မြို့ရဲ့ မြို့ပြဒေသ တစ်နေရာမှာ လှုပ်ရှားနေတဲ့ မြောက်ကိုရီးယား သူလျှိုဟောင်း ဆုန်းဂျီဝန်း (Kang Dong Won) နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပြီးနောက် သူတို့နှစ်ဦးဟာ အချင်းချင်း သရုပ်မှန်ကို ဖုံးကွယ်ပြီး တစ်ယောက် အချက်အလက်ကို တစ်ယောက် ခိုးယူရန်အတွက် စပ်တူစီးပွါးရေးလုပ်ဖို့ သဘောတူလိုက်တဲ့အခါမှာတော့ …။


Leave a Reply