မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။ သူ့ကို အဲဒီ တိုးဂိတ်မှာပဲ ဖမ်းမိတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

လူသတ်မှု ကျူးလွန်သူကို လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်မြို့ကနေ ထောက်ကြန့်ဘက်ကိုသွားတဲ့ သန္ဓေပင်ရွာအနီးက မှော်ဘီတိုးဂိတ်မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ မြို့မဈေး (အရှေ့ဘက်)၊ သမ၀ါယမရုံးရှေ့မှာ လင်မယားချင်း စကားများ ရန်ဖြစ်ပြီး ဇနီးဖြစ်သူ ဓားနဲ့အထိုးခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါအပြင် ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာမှာ လင်မယားချင်း စကားများရာမှ ယောင်္ကျားဖြစ်သူက မိန်းမဖြစ်သူကို ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ မတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းရှိ နေအိမ်တအိမ်မှာ လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – ဒေသခံ
မှော်ဘီက CCTV Record တဲ့ ‼️
မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရတာပါ။
အဲဒီဖြစ်စဉ်ဟာ
မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ Jan 24 ရက် ဒီကနေ့
မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသ-တ်မှုကျူးလွန်သူ
အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီလူက မိန်းမရဲ့ ခေါင်းကို တွဲလောင်းယူပြီး
ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။
ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။
လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး
ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။
ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။
တိုးဂိတ်ရောက်တော့ ယူလာတဲ့ခေါ-င်းကြီးပစ်ချခဲ့တယ်။
သူ့ကို အဲဒီ တိုးဂိတ်မှာပဲ ဖမ်းမိတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လူသ-တ်မှု ကျူးလွန်သူကို လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်မြို့ကနေ
ထောက်ကြန့်ဘက်ကိုသွားတဲ့ သန္ဓေပင်ရွာအနီးက မှော်ဘီတိုးဂိတ်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply