တရုတ် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဟာ တိုင်းပြည်ရဲ့ နျူကလီးယား လက်နက်အစီအစဉ်ကို အမေရိကန်နိုင်ငံထံ လျှို့ဝှက်အချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ စစ်အရာရှိတစ်ဦးကို ကာကွယ်ရေး ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ပေးရာမှာ လာဘ်ယူမှု ပြုလုပ်ခဲ့လို့ စုံစမ်းစစ်ဆေးခံနေရပါတယ်။

ဗိုလ်ချုပ်ကြီး ကျောင်ယုကျားဟာ တရုတ်နိုင်ငံရဲ့ နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာ အ ချက်အလက်တွေကို အမေရိကန်နိုင်ငံထံ ပေါက်ကြားစေခဲ့ပြီး အာဏာအလွဲသုံးစားမှုကြောင့် စစ်ဆေးခံ နေရပါတယ်။

သမ္မတ ရှီကျင့်ဖျင်ရဲ့ တစ်ချိန်ကမဟာမိတ်နဲ့ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ကျောင်ယုကျား ကို စစ်ဆေးမေးမြန်းနေတယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

စစ်လက်နက်တွေ သုတေသနပြုမှု၊ ထုတ်လုပ်မှုနဲ့ ဝယ်ယူမှုအတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်း တစ်ခုအပေါ် ဗိုလ်ချုပ်ကြီး ကျောင်ယုကျားရဲ့ အာဏာအလွဲသုံးစားမှုကို တာဝန်ရှိသူတွေက စုံစမ်းစစ် ဆေးနေတယ်လို့ သိရပါတယ်။

ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး လျူကျန်လီမှာလည်း စည်းကြမ်းနဲ့ ဥပ ဒေချိုးဖောက်မှုကြောင့် စစ်ဆေးခံနေရတယ်လို့ တရုတ်အစိုးရက ဇန်နဝါရီလ ၂၄ ရက်မှာ ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

ဗိုလ်ချုပ်ကြီးနှစ်ဦးစလုံးဟာ တရုတ်နိုင်ငံက ပဋိပက္ခတစ်ခုမှာ နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့တဲ့ ၁၉၈၀ ခုနှစ်များအတွင်း ဗီယက်နမ်နဲ့ နယ်စပ်တိုက်ပွဲတွေမှာ တိုက်ခိုက်ဖူးတဲ့ စစ်မြေပြင် အတွေ့ အကြုံ ရှိသူတွေဖြစ်ပါတယ်။

အသက် ၆၁ နှစ်အရွယ် ဗိုလ်ချုပ်ကြီး လျူကျန်လီမှာ စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ လေ့ကျင့် ရေးကို ကြီးကြပ်ရတဲ့ တရုတ်စစ်တပ်၊ စစ်ဉီးစီးဌာနရဲ့ အကြီးအကဲ ဖြစ်ပါတယ်။

တရုတ် စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရ

တရုတ် စစ်တပ်ရဲ့ ရာထူးအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီးဟာ အဂတိကိစ္စ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရပါတယ်။

ဗိုလ်ချုပ်ကြီး ကျန်ယုရှဟာ တခြား ဗိုလ်ချုပ် တစ်ဦးဖြစ်တဲ့ လျိုကျိလီနဲ့အတူ စည်းကမ်းပိုင်းဆိုင်ရာ စစ်ဆေးမေးမြန်းမှုတွေ ကြုံနေကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကျန်နဲ့ လျိုတို့ဟာ ကျင့်ဝတ်စည်းကမ်းပိုင်း ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အခြေအနေတွေအတွက် စုံစမ်းစစ်ဆေးမှု ခံယူနေရကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။ တရုတ်မှာတော့ အဲဒီ အသုံးအနှုန်းဟာ အဂတိ လိုက်စားမှုတွေကို ရည်ညွှန်းတာမျိုးပါ။

ကျန်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အရင်းနှီးဆုံး စစ်ဘက်ဆိုင်ရာ မဟာမိတ် တစ်ဦးအဖြစ် သတ်မှတ် ခံထားရပါတယ်။ သူ့ရဲ့ အသက်ဟာ ၇၅ နှစ် ရှိပြီဖြစ်ပြီး အငြိမ်းစား ယူရမယ့် အရွယ်ကို ကျော်လွန်နေပေမယ့် စစ်တပ်ရဲ့ အကြီးဆုံး ရာထူးကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ခြင်းကလည်း ရှီရဲ့ ယုံကြည် ကိုးစားမှုကြောင့် ဖြစ်ပါတယ်။ သူဟာ ရှီကိုယ်တိုင် ဦးဆောင်တဲ့ တရုတ် ဗဟိုစစ်ရေး ကော်မရှင်မှာ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူထားသူပါ။

တရုတ်မှာတော့ သမ္မတရှီရဲ့ နိုင်ငံရေး မဟာဗျူဟာ အစီအမံ တစ်ခုဖြစ်တဲ့ အဂတိတိုက်ဖျက်ရေးမှာ အာဏာရပါတီ၊ စစ်တပ်နဲ့ တခြားဌာနဆိုင်ရာ အရာရှိကြီးတွေ အများအပြားဟာ စည်းကမ်းပိုင်းအရ စုံစမ်း စစ်ဆေးမှု၊ အရေးယူမှု၊ ရာထူးက ထုတ်ပယ်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက တရုတ်စစ်တပ်ဟာ ထိပ်တန်း ဗိုလ်ချုပ် ၉ ဦးကို ထုတ်ပယ်ခဲ့ပြီး ဆယ်စုနှစ်တွေ အတော်များများအတွင်း စစ်တပ်ရဲ့ အကြီးမားဆုံး အဂတိရေးရာ ဖြိုခွင်းမှုတစ်ခု ဖြစ်လာပါတယ်။

ကျန်ရဲ့ ဖခင်ဟာ တရုတ် ကွန်မြူနစ် ပါတီကို စတင်ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေထဲက တစ်ဦးပါ။ အတွင်းလူ တချို့ကတော့ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေ ခံယူနေရတဲ့ အချိန်ထိတောင် သမ္မတ ရှီဟာ ကျန်ကို အယုံအကြည် မပျက်သေးဘူးလို့ ပြောပါတယ်။

ကျန်နဲ့ လျိုတို့ဟာ ဒီဇင်ဘာလ ကတည်းက လူမြင်ကွင်းရှေ့ကနေ ပျောက်ကွယ်နေခဲ့တဲ့နောက် သူတို့နှစ်ဦး စုံစမ်းစစ်ဆေးမှု ခံနေရကြောင်း ခန့်မှန်း သတင်းတွေ ကြိုတင်ထွက်ပေါ်နေခဲ့ပါတယ်။ လုပ်ထုံးလုပ်နည်းတွေ အရတော့ စစ်ဆေးမှု ခံယူနေရတဲ့ အတောအတွင်း ကျန်နဲ့ လျိုတို့ဟာ တရားဝင် အစည်းအဝေးတွေနဲ့ အခမ်းအနားတွေ တက်ရောက်မှုကနေ ဆိုင်းငံ့တားဆီး ခံထားရဖွယ် ရှိနေပါတယ်။

ကိုးကား: BBC


Leave a Reply

Your email address will not be published. Required fields are marked *