မီတာခ စျေး တက်မယ့် အိမ်တွေ….

ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၊ ကွန်ဒို၊ ကုန်တိုက်နှင့် ဟိုတယ်လုပ်ငန်းများကို LNG ဓာတ်အားမှတစ်ဆင့် ၂၄ နာရီ လျှပ်စစ်မီးပေးဝေသွားမည့် စနစ်သစ်တစ်ခုကို ဖော်ဆောင်လျက်ရှိရာ ယင်းအတွက် မီတာခကို တစ်ယူနစ် ၉၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံသွားမည် ဖြစ်ပါသည်။

ယင်းနှုန်းထားသစ်နှင့် ပတ်သက်၍ ကွန်ဒိုများဘက်မှလည်း ယခု ဖေဖော်ဝါရီလမှစတင်ကာ နေထိုင်သူများကို အသိပေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

နှုန်းထားကွာဟချက်များ ယခင်က စက်မှုဇုန် မီတာခများသည် အသုံးပြုမှုပမာဏအပေါ်မူတည်၍ တစ်ယူနစ်လျှင် ၂၅၀ ကျပ်မှ ၅၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခု LNG ဓာတ်အားစနစ်တွင်မူ ပမာဏကန့်သတ်ချက်မရှိ တစ်ယူနစ် ၉၀၀ ကျပ် တပြေးညီ ကောက်ခံမည်ဖြစ်သောကြောင့် ယခင်ဈေးနှုန်းထက် များစွာမြင့်တက်လာမည် ဖြစ်သည်။

သို့သော် ကွန်ဒို၊ ဟိုတယ်နှင့် ကုန်တိုက်များအနေဖြင့် လက်ရှိတွင် အစိုးရမီး (တစ်ယူနစ် ၅၀၀ ကျပ်ဝန်းကျင်) ပြတ်တောက်ချိန်၌ မီးစက်မောင်းနှင်ရသဖြင့် တစ်ယူနစ် ၁၅၀၀ မှ ၂၂၀၀ ကျပ်အထိ ကုန်ကျစရိတ်ရှိနေရာမှ ယခု LNG စနစ်ဖြင့် ၂၄ နာရီမီးရရှိပါက စရိတ်စက ပိုမိုသက်သာသွားနိုင်သည်ဟုလည်း ခန့်မှန်းသုံးသပ်မှုများ ရှိနေသည်။

သာမန်အိမ်သုံးမီတာများ တက်မည်လား?

ယခုပြောင်းလဲမည့် နှုန်းထားများသည် LNG ဓာတ်အားရယူမည့် လုပ်ငန်းများနှင့် အဆောက်အအုံများအတွက်သာဖြစ်ပြီး ရိုးရိုးအိမ်သုံးမီတာခ ဈေးနှုန်းများကိုမူ ပြောင်းလဲကောက်ခံမည် မဟုတ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေး ကြေညာထားပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *