ထိုင်နိုင်ငံ Songkhla ပြည်နယ် Hat Yai ရှိ ကျောင်းတစ်ကျောင်းကို ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထား

ထိုင်နိုင်ငံ Songkhla ပြည်နယ် Hat Yai ရှိ Patong Than Khiri Wat School ကို အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးက ေ-သနတ်တစ်လက်နှင့် ဝင်ရောက်စီးနင်းပြီး ကျောင်းအုပ်ကြီးကို ေ-သနတ်နှင့် ပ-စ်ခ-တ်ကာ ကျောင်းသား ၃၀၀ ကျော်ကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးထားတယ်လို့သိရပါတယ်။
သတင်းတွေအရ ဖေဖော်ဝါရီလ ၁၁ ရက်.၂၀၂၆ ခုနှစ် ယနေ့ဖြစ်ပွားနေတာဖြစ်ပြီး သံသယရှိသူဟာ ရဲဝန်ထမ်းတစ်ဦးရဲ့ သေ_န_တ်ကို ခိုးယူကာ ဆိုင်ကယ်နဲ့ ကျောင်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်၊ ဂိတ်ပေါက်ဝက လုံခြုံရေးဝန်ထမ်းကို ပ-စ်ခ-တ်ဖို့ ကြိုးစားခဲ့ပေမယ့် ေ-သနတ် ကျည်ထောင့်နေခဲ့တာကြောင့် လုံခြုံရေးဝန်ထမ်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အဲဒီနောက် သေ_န_တ်သမားက ကျောင်းထဲကို ဝင်ရောက်စီးနင်းပြီး ကလေးတွေကို ဓ-ားစာခံအဖြစ် ဖ-မ်းဆီးကာ ကျောင်းအုပ်ကြီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်၊ ကျောင်းအုပ်ကြီးကို ေ-သနတ်နဲ့ ၂ ချက် ပ-စ်ခ-တ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက် ကျောင်းသား ၃၀၀ ကျော်ကို ဆက်လက် ဖ-မ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ကျောင်းဝင်းကို ဝိုင်းရံထားပြီး ဒဏ်ရာရရှိသူ ကျောင်းအုပ်ကြီးကို ကယ်ထုတ်ကာ ဆေးရုံပို့ဆောင်ပေးထားပါတယ်၊ ဒါပေမဲ့ သေ_န_တ်သမားက ဓ-ားစာခံတွေကို ပြန်လွှတ်ပေးဖို့ ငြင်းဆန်နေပြီး ရံဖန်ရံခါ ေ-သနတ်ပစ်ဖောက်နေတာကြောင့် တာဝန်ရှိသူတွေက အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။
Ref : Khaosod


Leave a Reply