တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

တာမွေမြိုနယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု( ၁)လမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက်၊ ည ၈ နာရီခွဲကျော်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

စက်မှု (၁) လမ်းရှိ မြေကွက်တွင် စုဆောက်ထားသည့် နေအိမ်အသေးလေးများ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပရဟိတအဖွဲများထံမှ သိရသည်။

“မီးရထားလမ်းနဲ့ ကပ်နေတဲ့ အိမ်အသေးလေးတွေ ဆောက်ထားတဲ့နေရာမှာ လောင်တာပါ။လတ်တလောတော့ ထိခိုက်ဒဏ်ရာရတဲ့ သူမရှိဘူးလို့ ကနဦး သတင်းအရ သိရပါတယ်”ဟု မီးလောင်ရာသို ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် အခြားတာဝန်ရှိသူများ လာရောက်ခဲ့ပြီး ကူညီငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး အဆိုပါ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *