စိတ်မကောင်းလိုက်တာ ၂ ရက်ပဲ

အဆုတ်ပိုးဝင်တာကို “ဆေးရုံတင်စရာမလိုဘူး” ဆိုပြီး အိမ်ပြန်လွှတ်လိုက်လို့ (၂) ရက်အတွင်း အသက်ဆုံးရှုံးလိုက်ရပြီ

သားလေးရေ… မေမေ့ကို ထားခဲ့တာ (၁) လတောင် ပြည့်တော့မယ်နော်။

သားပေးခဲ့တဲ့ ကြက်သွန်ပေါင်းလေးကို မေမေ မစားရက်ဘဲ ဒီအတိုင်း သိမ်းထားတုန်းပဲ။ သားပုံရိပ်တွေ မြင်ယောင်ပြီး လွမ်းနေရတုန်းပဲ။

တကယ်တော့ သားလေးရဲ့ အသက်ကို နှုတ်ယူသွားတာ ရောဂါတစ်ခုတည်း မဟုတ်ပါဘူး။ “ပေါ့ဆမှု” ပါ ပါတယ်။

အဆုတ်ပိုးဝင်နေတဲ့ လူနာကို ဆေးရုံတင်ဖို့ မေးပါလျက်နဲ့ “ဆေးရုံတင်စရာ မလိုဘူး၊ အိမ်မှာပဲ ကုလို့ရတယ်” ဆိုတဲ့ ဆရာဝန်ရဲ့ စကားကြောင့်… အိမ်မှာ (၂) ရက်ပဲ နေလိုက်ရပြီး “မောတယ်” ဆိုကာ သားလေး အသက်ထွက်ခဲ့ရတာပါ။

အဲဒီ စကားတစ်ခွန်းသာ မယုံခဲ့မိရင်… အခုချိန် သားလေး မေမေ့ဘေးမှာ ရှိနေဦးမလား။

မေမေ နေ့စဉ် ဆွမ်းလောင်း၊ မေတ္တာပို့တိုင်း သားလေးအတွက် ရည်စူးပါတယ်။

​မေမေ နေ့စဉ် ဆွမ်းလောင်း၊ ဘုရားရှိခိုး အမျှဝေတိုင်း သားလေး သေသေချာချာ သာဓုခေါ်နိုင်ဖို့ ဆုတောင်းပေးနေတယ်။

သားရဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး မေမေ ပြောပြချင်တာတွေ ပြောနေရတာ သားလေး မေမေ့ရင်ခွင်ထဲမှာ ရှိနေသလို ခံစားရလို့ပါ။

သားလေး ပူလောင်သောက ကင်းဝေးရာ ဘုံဘဝမှာ အေးချမ်းပါစေသားရယ်။ 🙏

Comments

Leave a Reply

Your email address will not be published. Required fields are marked *