ဒီမနက် ၆ နာရီကျော်က လမ်းမတော်မြို့နယ် ၇ လမ်းက တိုက်ခန်းတခုမှာ အိမ်အတွင်း ဝင်ရောက် လုယက်မှု တခုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကနေ သိရပါတယ်။’
တိုက်ခန်းအတွင်း ဝင်ရောက်လုယက်စဉ် အော်ဟစ် အကူညီတောင်းတာကို လုယက်သူက ဓားနဲ့ ယမ်းခဲ့ လို့ အလုခံရတဲ့ အမျိုးသမီးတယောက် ဘယ်လက် နဲ့ ညာလက် နှစ်ဖက်လုံး ဓားဒဏ်ရာတွေ ရရှိခဲ့ပါ တယ်။
လမ်းမတော် ၇ လမ်းမှာ နေထိုင်တဲ့ အမျိုးသားတ ယောက်က “တရားဥပဒေစိုးမိုးမှု မရှိတော့ဘူး။ ပြည်သူ့ဘဝ မလုံခြုံတော့ဘူး။ လမ်းထဲမှာ မနက် အစောကြီးပဲ ရှိသေးတယ်။ တိုက်ခန်းထဲ ဝင်လုတာ ငွေ ကျပ် ၇ သိန်း ပါသွားတယ်။ လူကတော့ ကံကောင်းလို့ မသေဘူးပေါ့။ အော်ဟစ်ပြီး ဘေး ပတ်ဝန်း ကျင်ကို အကူညီတောင်းလို့ ဝင်လုတဲ့သူ က ဓားနဲ့တွက်သွားတာ ဘယ်ကိုမှလည်း တိုင်လို့မ ရဘူး၊ တိုင်လည်း အရင်လို ရဲတွေက လိုက်ကူညီ ပေးတာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီရက်ထဲမှာ ခိုးမှု လုယက်မှုတွေက နေ့စဉ်ဆိုသလို ဖြစ်နေ တာ”လို့ပြောပါတယ်။

မြို့ခံတွေအနေနဲ့ ဖြစ်နိုင်ရင် အိမ်တွေ၊ တိုက်ခန်း တွေကို တံခါးတွေ သေချာပိတ်ပြီး အထူးဂရုစိုက် ကြဖို့၊ တရားဥပဒေစိုးမိုးမှုမရှိတော့သလို အာဏာသိမ်းစစ်တပ်က ပြည်သူကို မကာကွယ်နိုင် တော့တဲ့အတွက် အသက်မသေအောင်ပဲ ကြံဖန်နေ ကြဖို့လည်း အကြံပြုပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ လုံခြုံစိတ်ချရမှုမရှိတော့ဘဲ နေ့စဉ် လိုလို ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ဖြစ်ပေါ် နေတယ်လို့ ရန်ကုန်မြို့ နေထိုင်သူတွေဆီကနေ သိ ရပါတယ်။


Leave a Reply