ယနေ့ည ၉နာရီအချိန်ခန့်တွင် ပီဒီအက် ၃ ဦးမှ တပ်ရင်းမှူး မိန်းမကို ခေါ်ဆောင်သွားသောကြောင့် အပူတပြင်းလိုက်လံရှာဖွေနေ။

တွေ့ရှိက သတင်းပေးပို့ကြပါရန်။

ခမရ ( ၁၁၃) တပ်ရင်းမှုး မိန်းမကို PDF တွေ ခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေ၍ မိတ္ထလာမြို့တဝိုက်ရှိတပ်များအား အရေးပေါ် အကြောင်းကြားထားရသည်။

အဆိုပါ ပီဒီအက် ၃ဦးသည် မကြာသေးမီရက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ ထံ အလင်းဝင်လာ ခဲ့သူများဖြစ်သည်။

သပိတ်ကျင်းရှိ ၎င်းတို့နေအိမ်များသည်တပ်မတော် မီးရှို့ခဲ့တဲ့အထဲ ပါသွားခဲ့သောကြောင့် ပြန်စရာအိမ်မရှိဖြစ်ရာမှ ခမရ-၁၁၃ တပ်ရင်းမှူးက အိမ်တွင် ခေါ်ထားခဲ့ခြင်းဖြစ်သည်။

တပ်ရင်းမှုးနေအိမ်တွင် ပီဒက်အက် ၃ ဦးနေထိုင်ရင်း ရက်အနည်းငယ်အကြာ၌ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းပေးပို့သူကို ဆုငွေကျပ် ၂ သိန်းချီးမြှင့်မည်။


Leave a Reply

Your email address will not be published. Required fields are marked *