ဒေါ်သက်သက်ခိုင် တော့ သွားပြီတဲ့ဟေ့

ဒေါ်သက်သက်ခိုင် ပါတီဥက္ကဋ္ဌ အဖြစ်မှ အနားယူ

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရာထူးကနေ အနားယူလိုက်တယ်လို့ ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးစောဟန်အေးက ပြောပါတယ်။

ဘာကြောင့်အနားယူရသလဲဆိုတာကိုတော့ “ပြောင်းလဲချိန်ရောက်လို့ ပြောင်းလဲတယ်လို့ပဲ ဖြေချင်ပါတယ်” လို့ သူကပြောပါတယ်။

ဒေါ်သက်သက်ခိုင်ကို နေအိမ်အကျယ်ချုပ်ချထားတယ်ဆိုတဲ့ သတင်းတွေကိုတော့ ပါတီဥက္ကဋ္ဌသစ်က ငြင်းဆိုပါတယ်။

ဒေါ်သက်သက်ခိုင်ဟာ ပါတီဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်(CEC) နဲ့ ပါတီလုပ်ငန်းတွေမှာတော့ ပါဝင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ပါတီရဲ့ လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းတွေမှာပဲ ဆက်လက်အားဖြည့်မယ်လို့လည်းဆိုပါတယ်။

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး CEC အသစ် ကိုးဦး ထပ်ခန့်လိုက်ပါတယ်။

လူသိများတဲ့ နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ ရွေးကောက်ပွဲကို သူပိုင်စီးပွားရေးလုပ်ငန်းရဲ့ ငွေကြေးကိစ္စ အကြောင်းပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်မရဘဲသံရုံးတစ်ခုနဲ့တွေ့ဆုံခဲ့လို့ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးမှုကိုခံထားရသူတစ်ဦးလည်းဖြစ်သလို သူ့ကို ဥပဒေအရအရေးယူမယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *