​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ အင်ကြင်းကုန်းကျောင်းတိုက် ရဲ့ အထွတ်အမြတ်ထားရာ “သိမ်” အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မဖွယ်မရာကိစ္စဟာ အခုအခါမှာတော့ လူမှုကွန်ရက်ပေါ်တင်မကဘဲ မြေပြင်မှာပါ တုန်လှုပ်ခြောက်ခြားစရာ ဂယက်တွေ ရိုက်ခတ်နေပါတယ်။

​📍 ဖြစ်စဉ်အကျဉ်း

​ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းက ချစ်သူနှစ်ဦးဟာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်လာပြီးနောက် အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ “သိမ်” အတွင်းမှာ မဖွယ်မရာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကျောင်းနေရဟန်းတစ်ပါးက တွေ့ရှိသွားပြီး ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့ရာမှတဆင့် လူမှုကွန်ရက်မှာ ပြန့်နှံ့သွားခဲ့တာပါ။

📢 ဒေသခံများ၏ ပြင်းထန်သော တုံ့ပြန်မှု

ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာကို မလေးမခန့် ပြုမူခဲ့ကြတဲ့အပေါ် ပျော်ဘွယ်မြို့သူ/သားတွေက ဒေါသအထွတ်အထိပ် ရောက်နေကြပါတယ်။

“ဒီလိုလူမျိုးတွေကို မြို့ကနေ မောင်းထုတ်ပေးဖို့” အထိ ဒေသခံတွေက အသံကျယ်ကျယ်လောင်လောင်နဲ့ တောင်းဆို ရှုတ်ချနေကြပြီ ဖြစ်ပါတယ်။

✅ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှု

ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်ကြင်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကလည်း —

“ဒီကိစ္စကို အမြန်ဆုံး အရေးယူနိုင်ဖို့ ခရိုင်ကလည်း ညွှန်ကြားထားပြီးဖြစ်လို့ ချက်ချင်း အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်” လို့ အတည်ပြု ပြောကြားထားပါတယ်။

မကြာခင်မှာ အဆိုပါစုံတွဲအနေနဲ့ ဘာသာရေးဆိုင်ရာ ပြစ်မှုတွေအပြင် ဒေသခံတွေရဲ့ ဝိုင်းဝန်းဖိအားပေးမှုတွေကိုပါ ထိုက်ထိုက်တန်တန် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ပညာတတ် ဆရာမတစ်ယောက်ဖြစ်လျက်နဲ့ ဒီလို သိက္ခာမဲ့တဲ့ လုပ်ရပ်မျိုး ကျူးလွန်ခဲ့တာဟာ တကယ်ကို စိတ်ပျက်စရာကောင်းလှပါတယ်။

ဘယ်တုန်းကမှမကြားဖူး မမြင်ဖူးတဲ့

ယုတ်ညံ့တဲ့အလုပ်ကို လုပ်ကြတဲ့သူတွေကို အပြစ်မပြောပဲ

အများသိအောင်ချပြတဲ့ ဘုန်းဘုန်းကိုတော့ အပြစ်တင်ကြသတဲ့

သူတို့လုပ်သွားတာ သိမ်ကျောင်းဆိုတာ… မေ့လျော့နေကြလား

အံ့သြစရာကောင်းတဲ့ မြန်မာပြည်သားများ🤔

မန္တလေးတိုင်းပျော်ဘွယ်မြို့နယ်အင်ကြင်းကုန်း

ကောင်မလေးရဲ့ အစ်ကိုတွေနဲ့ မောင်ဝမ်းကွဲတွေက ရွာထဲ ပြန်ဝင်လာရင် သ-တ်မယ်လို့ သတိပေး ထားပါတယ်တဲ့…..” ဖမ်းသွားပြီ ကျေနပ်ကြ ရောပေါ့………

ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိရသည့် အချက်အလက်များမှာ−

ဆရာတော်ဘက်မှ ဗီဒီယိုအား တင်ရန် အစီအစဉ်မရှိကြောင်းနှင့် ရွာလူကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်သာ ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားနေကြောင်း သိရပါသည်။ ဗီဒီယို ပြန့်နှံ့သွားခဲ့ခြင်းမှာ

ဖုန်းကွဲသွားသဖြင့် ဆိုင်သို့ သွားရောက်ပြင်ဆင်ရာမှ ဖုန်းဆိုင်ဘက်တွင် စိတ်မကျေနပ်မှုဖြစ်ပေါ်ကာ တင်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားထားပါသည်။

ပုံတွင်ပါရှိသည့် အမျိုးသားမှာလည်း

မိသားစုရှိသူဖြစ်ကြောင်း သိရပြီး သိမ်တော်အတွင်း လူဝင်နေကြောင်းကို ဆရာတော်နှစ်ပါးမှ

ကြိုတင်သတိပြုမိထားသဖြင့် ဖေဖော်ဝါရီ ၁၉

ရက်နေ့တွင် စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခုကဲ့သို့ ဖြစ်ပေါ်လာမည်ဟု မမျှော်လင့်ထားကြောင်းလည်း ပြောဆိုထားပါသည်။

ဗီဒီယို ပြန့်နှံ့သွားပြီးနောက် ဘေးရွာများနှင့် တစ်ရွာလုံးရှိ လူထုအကြား မကျေနပ်မှုများ မြင့်တက်လာခဲ့ပြီး သိမ်ကျောင်းဆောင်အား ဖြုတ်ကာ အသစ်ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ ဖြစ်စဉ်တွင် ပါဝင်သူ နှစ်ဦးအားလည်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် နောက်ဆုံးတွင် တာဝန်ရှိသူများက ရွာအတွင်းမှ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

ကောင်မလေး၏ မိခင်မှာလည်း အရှက်နှင့်

စိတ်ဖိစီးမှုများကြောင့် မူးလဲသတိလစ်ခဲ့ပြီး မိသားစုဝင်များအနေဖြင့်လည်း

အလွန်စိတ်ထိခိုက်နေကြကြောင်း သိရှိရပါသည်။

သိမ်ကျောင်းဆောင်အား

ပြုပြင်ပြန်လည်တည်ဆောက်ပြီး ရွာလုံးကျွတ်

သန့်ရှင်းစင်ကြယ်ရေး အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြားသိရပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *