မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါရုပ်သံဖိုင်သည် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားခြင်းနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကိုးကွယ်ဝတ်ပြုရာ ဘုရားကျောင်းဝန်း၊ သိမ်တော်မှန်းသိလျက်နှင့် ကိုးကွယ်ဝတ်ပြုရာ သိမ်ကျောင်းဆောင်အတွင်း ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာပြုလုပ်ခဲ့သူများဖြစ်သည့် အမျိုးသား နှင့် အမျိုးသမီး ၂ ဦးတို့အား ဥပဒေအရ အရေးယူပေးပါရန် ကျေးရွာတာဝန်ရှိသူများက တိုင်ကြားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပျော်ဘွယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *