ပုံထဲမှာ ဖော်ပြထားတဲ့ လူငယ်လေးကတော့ တာမွေက ကားဂိတ်တခုမှာ ပေါ်တာဆွဲနည်း အသစ်နဲ့ ပါသွားတဲ့သူတဦး ဖြစ်ပါတယ်။

တာမွေ ကားဂိတ်မှာ ကောင်မလေး နှစ်ယောက်က အဆောင်ပြောင်းပေးဖို့ ကူညီပါဆိုပြီး လာခေါ်ကြောင်း၊

ကနဦးမှာ ငြင်းပေမယ့် ဒီနေ့မှ မရွှေ့ရင် ဒုက္ခရောက်ပါလိမ့်မယ်ဆိုပြီး အသနားခံ အကူအညီတောင်းကြောင်း၊

အဲဒါကြောင့် ​လိုက်သွားပြီး အခန်းထဲလည်း ရောက်ရော တခါတည်း ဆွဲသွားတာ ဖြစ်ကြောင်း သိရပါတယ်။

လတ်တလောမှာ ရန်ကုန်မြို့ရဲ့ လမ်ဘေးမှာ ထိုင်ကြတဲ့ လူငယ် အများအပြားလည်း ပေါ်တာဆွဲခံနေရကြောင်း သိရပါတယ်။

ဆိုက်ကားဂိတ်တွေမှာ အိမ်ပြောင်းချင်လို့ ကူညီပါဆိုပြီး လိ၊မ်လည်ခေါ်ဆောင်ကာ ပေါ်တာဆွဲတဲ့ အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။

အဲဒါကြောင့် လူငယ်များအနေနဲ့ လူစိမ်းတွေက အကူအညီလာတောင်းရင် အထူးဂရုပြုကြဖို့ လိုအပ်ကြောင်း အသိပေးလိုက်ပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့…

အထူးဂရုပြုရမယ့် ပေါ်တာဆွဲနည်းအသစ် (မြောက်ဒဂုံမှာ ဖြစ်သွားတာပါ)

ရန်ကုန် မြောက်ဒဂုံ၊ ဖိုးရာဇာလမ်း ၄၃ ရပ်ကွက် မှာ ကျူရှင်ကပြန်လာတဲ့ ကလေးတယောက် (၁၅နှစ်) ကို 13.12.2025 ရက် နေ့လည် ၁ နာရီခွဲခန့်မှာ “ယတြာချေချင်လို့ ဦးထုပ်အနီရောင် နဲ့ ကောင်လေးကို တွေ့လား” ဆိုပြီး ၄၅-၅၀ နှစ် အရွယ်ခန့် ဦးလေးကြီး တယောက်က လာမေးပါတယ်။

ရပ်ကွက်ထဲက မြင်ဖူးနေကျ လူလဲ မဟုတ်တာမလို့ ကလေးက “မတွေ့မိဘူး” လို့ ပြောလိုက်ပါတယ်။

အဲဒါနဲ့ အဲ့ဦးလေးကြီးက “သူ့ မတွေ့ရင်လည်း သားနဲ့ပဲ ယတြာချေလိုက်တော့မယ်၊ ဦးနဲ့ ဆယ်မိနစ်လောက် လိုက်ခဲ့ပါလား” တဲ့။

အဲဒါနဲ့ ကလေးက “မလိုက်ဘူး အိမ်ပြန်ရမှာ”လို့ ပြောတော့။

“သားရယ် ကူညီပါ ၂၅၀၀၀ ပေးပါမယ်၊ မုန့်ဖိုးရတာပဲ သဘောထားလိုက်၊ ဆယ်မိနစ်ထဲနဲ့ ပိုက်ဆံ ကောက်ရသလို လွယ်လွယ် ရတာပဲကို ဦးကို ကူပါ” “လမ်းထိပ်ကလေးတင်ပဲ ယတြာချေမှာပါ” လို့ ထပ်ပြောပါတယ်။

အဲဒါနဲ့ ကလေးက ပိုလန့်လာတယ် လို့ ပြန်ပြောပါတယ်။ အဲဒီလူက ပုံစံကလည်း တကယ် အကူအညီလိုအပ်နေတဲ့ပုံ မဟုတ်ဘူးလို့လဲ ပြောပါတယ်။

“ဦးဘာသာ ဦး ၂၀၀၀၀ ပေးပေး၊ ၃၀၀၀၀ ပေးပေး မလိုက်ဘူးဗျာ အိမ်ပြန်ရမှာ” လို့ ပြောပြီး ကလေးက ပြန်လာပါတယ်။

အိမ်ရောက်တော့ ကလေးက ကြောက်လို့ လူကြီးတွေကို မပြောပဲ အိပ်နေပါတယ်။

ညကျမှသာ သူ့ကို ဒီလို ဒီလို လူတယောက်က လုပ်တယ် ဆိုတာ ပြောလာတာပါ။

တကယ်လို့ ကလေးသာ အဲဒီလူပြောတာကို ယုံပြီး ငွေမက်ခဲ့ရင် ဘာဖြစ်မယ်မှန်း သိတောင် သိရမှာ မဟုတ်ပါဘူး။

အားလုံးကို သိစေချင်တာက သူစိမ်းတွေ လုံးဝအကပ်မခံပါနဲ့ ။

ယုတ္တိမရှိတဲ့ အကူအညီတွေ လာတောင်းရင် ခပ်ခွာခွာနေပါ။

ပိုက်ဆံပေးပါမယ်။ အိမ်လေး ရွှေ့ချင်လို့ ခဏ လိုက်ခဲ့ပါ ၃၅၀၀၀ ပေးပါမယ်။ ကြည့်မြင်တိုင် (ဆိုက်ကားသမားဖြစ်စဉ်) တို့ ၊ သွေးလှူဖို့ လိုအပ်နေလို့ ခဏ လိုက်ခဲ့ပေးပါတို့ဆို စဉ်းစားပါ။

လူပြတ်တဲ့နေရာမျိုးဆို အဖော်မပါဘဲ မသွားပါနဲ့။ လူစိမ်းကပ်လာတာနဲ့ သတိထားပါ။

Tar Mhyuu Nge


Leave a Reply

Your email address will not be published. Required fields are marked *