အိမ်ထောင်ကွဲပြီးနောက် အမေတခု သမီးတခု အဖြစ်နဲ့ ဘဝကို ရုန်းကန်လှုပ်ရှားနေတဲ့ ဆယ်လီ အုပ်ကြီးရဲ့ သမီးလေး ဖေဖော်ဝါရီ ၂၅ ရက် နေ့လည်ကတည်းက ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။
ပျောက်ဆုံးသွားတဲ့ သမီးလေးကို ရှာပေးကြဖို့ လူမှုကွန်ရက် အသုံးပြုသူတွေကို ဆယ်လီ အုပ်ကြီးက ငိုယိုတောင်းပန်ခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ သမီးလေးကို ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။
ဆယ်လီ အုပ်ကြီးရဲ့ သမီးလေးဟာ ယောက်ျားလေးကဲ့သို့ ဝတ်ဆင်နေထိုင်လေ့ ရှိပြီး ယခင်က ဆယ်လီ အုပ်ကြီးရဲ့ ဟာသဗီဒီယိုတချို့မှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ လုံးဝ မပါဝင်တော့ပါဘူး။
ယခု ပျောက်ဆုံးမှုမှာ မှတ်ပုံတင်ပါ ယူဆောင်သွားခဲ့တာကြောင့် အိမ်ကနေ ထွက်ပြေးတာ ဖြစ်နိုင်တယ်လို့ လူမှုကွန်ရက်အသုံးပြုသူတွေက သုံးသပ်နေကြပါတယ်။
ဆယ်ကျော်သက် အရွယ်ဖြစ်တာကြောင့် မိခင်နဲ့ စိတ်အခန့်မသင့်လို့ အိမ်ကနေ ထွက်သွားတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
အကြားအမြင်ဟောကိန်းတွေ မှန်ကန်တဲ့ ဆရာ လင်းညှို့တာရာကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အာရုံထဲမှာ တမျိုးဖြစ်နေကြောင်း ကွန်းမန့် ပေးထားတာ တွေ့ရပါတယ်။
လက်ရှိအချိန်မှာ လူငယ်တွေအနေနဲ့ အထူးဂရုပြုနေထိုင်ရတဲ့ အချိန် ဖြစ်တာကြောင့် ဆယ်လီ အုပ်ကြီးရဲ့ သမီးလေးအနေနဲ့ အပြင်မှာ ရောက်နေတာဟာ အထူး စိုးရိမ်ဖို့ ကောင်းတဲ့ အခြေအနေ ဖြစ်နေပါပြီ။
မိခင်ကို စိတ်ဆိုးနေခဲ့ရင်လည်း တယောက်တည်း ဖြစ်နေတဲ့ မိခင်ရဲ့ ပူပင်သောကကို ထောက်ထားညှာတာပြီး အမြန်ဆုံး ပြန်လာခဲ့ပါ သမီးလေးရေ၊ လောကကြီးမှာ အမေ့ ရင်ခွင်ကသာ အနွေးထွေးဆုံးဆိုတာ သမီးကို သိစေချင်ပါတယ်။ ဆယ်လီ အုပ်ကြီးရဲ့ သောကတွေ အမြန်ဆုံး ငြိမ်းအေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Leave a Reply