“အမေနဲ့ ရင်းနှီးလို့ဆိုပြီး အိမ်အထိလာကာ တစ်နေကုန် အနှိပ်ခံနေသည့် ဘုန်းကြီး ၃ ပါးကြောင့် သမီးဖြစ်သူ စိတ်ပျက်ပြီး ဆရာမော်ပလာထံ အကူအညီတောင်း” 🚨
ထိုင်းနိုင်ငံ၊ ပရာကျင်ပူရီမြို့မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် သမီးငယ်လေးတစ်ဦးဟာ သူမရဲ့ အမေနဲ့ ဘုန်းကြီး ၃ ပါးတို့ရဲ့ ပတ်သက်မှုအပေါ် မသင်္ကာဖြစ်ပြီး ဆရာမော်ပလာ (Mor Pla) ဆီကို ရင်ဖွင့်တိုင်တန်းလာပါတယ်။
ဖြစ်စဉ်မှာ –
သမီးနှစ်ယောက်ရှိတဲ့ အဆိုပါအိမ်ကို ဘုန်းကြီး ၃ ပါးဟာ မကြာခဏဆိုသလို လာရောက်လေ့ရှိပြီး အမေဖြစ်သူဆီမှာ အနှိပ်လာခံလေ့ရှိပါတယ်။
သမီးဖြစ်သူက “အပြင်မှာ အနှိပ်ခန်းတွေ အများကြီးရှိပါလျက်နဲ့ ဘာလို့ မိန်းမတွေပဲရှိတဲ့ အိမ်ထဲအထိလာပြီး မနက်ကနေ ညနေအထိ အနှိပ်ခံနေရတာလဲ” ဆိုတာကို မေးခွန်းထုတ်လာပါတယ်။

အမေဖြစ်သူရဲ့ တုံ့ပြန်မှု –
သမီးတွေက တားမြစ်ပေမဲ့ အမေဖြစ်သူကတော့ နားမထောင်ခဲ့ပါဘူး။
သူမရဲ့ အဆိုအရ အဆိုပါဘုန်းကြီးတွေနဲ့က ငယ်သူငယ်ချင်းတွေလို ရင်းနှီးနေတာဖြစ်ပြီး တခြား ဘာပတ်သက်မှုမှ မရှိဘူးလို့ ဆိုပါတယ်။
ဘုန်းကြီးတွေဘက်ကလည်း နာမည်ပျက်မရှိဘူးလို့ သိရပေမဲ့ သမီးဖြစ်သူကတော့ ဒါဟာ သံဃာ့ဝိနည်းနဲ့ မညီသလို ပတ်ဝန်းကျင်အမြင်မှာလည်း မသင့်တော်ဘူးလို့ ယူဆနေပါတယ်။
ဆရာမော်ပလာထံ အကူအညီတောင်းခြင်း –
ဘယ်လိုပဲပြောပြော တားမရတဲ့အဆုံးမှာတော့ သမီးဖြစ်သူက သာသနာ့ဝန်ထမ်းတွေရဲ့ မသင့်တော်တဲ့ လုပ်ရပ်တွေကို ဖော်ထုတ်လေ့ရှိတဲ့ ဆရာမော်ပလာကို အကူအညီ တောင်းခံလိုက်ရတာ ဖြစ်ပါတယ်ရှင်။
ဘယ်လောက်ပဲ ခင်မင်ရင်းနှီးပါစေ… အမျိုးသမီးတွေရှိတဲ့ အိမ်ထဲအထိလာပြီး အနှိပ်ခံနေတဲ့ ဘုန်းကြီးတွေရဲ့ လုပ်ရပ်အပေါ် ပရိသတ်ကြီးကကော ဘယ်လိုမြင်ကြသလဲခင်ဗျ။


Leave a Reply