ဗိုလ်နဂါး စစ်ကောင်စီထံ ထွက်ပြေးနိုင်အောင် ကူညီခဲ့တဲ့ ဆရာတော်အမှုကို ဒေသ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ တရားရေးအဖွဲ့တို့က ဆက်လက်ကိုင်တွယ် စစ်ဆေးနေပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း၊ ပုလဲနယ်၊ ကံကြီးရွာ၊ ဒက္ခိဏာရုံ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသကို ဒေသကာကွယ်ရေးအဖွဲ့တွေက ထိန်းသိမ်းခဲ့တာပါ။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီတပ်ဆီ လက်နက်ချ ဘက်ပြောင်းရာမှာ ကူညီပေးခဲ့တဲ့အတွက် သက်တော် ၄၅ နှစ်အရွယ် ကံကြီးဆရာတော်ကို ထိန်းသိမ်းခဲ့တာလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အစောပိုင်းမှာ ပြောဆိုထားပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်ဗျ၊ သူတို့ သက်ဆိုင်ရာကနေ စစ်ဆေးနေတဲ့အပိုင်းတွေမှာ စစ်ဆေးနေဆဲဖြစ်တယ်ပေါ့နော်၊ ဒီအပိုင်းကျ ကျနော်တို့ စစ်ဆေးရတာ မဟုတ်တဲ့အတွက် သူတို့ သက်ဆိုင်ရာ ပလဖနဲ့ တရားရေးဘက်က နေပြီးတော့ ပြစ်မှုရှိတယ်ဆိုလို့ရှိရင် ပလဖဘက်ကနေ တရားရေးဘက်ကို ဦးတိုက်လျှောက်မှာ ဖြစ်တယ်ပေါ့နော်။ အဲဒါကတော့ ကျနော်တို့နဲ့ မသက်ဆိုင်တဲ့အတွက် ကျနော်တို့မသိရပါဘူးဗျ” လို့ ပြောပါတယ်။
ကံကြီးဆရာတော်ဟာ ဗိုလ်နဂါးကိုဖမ်းဖို့ ပုလဲနယ် ပကဖအဖွဲ့တွေက ပိတ်ဆို့ရှာဖွေချိန်မှာ အကာအကွယ်ပေး ခေါ်ထုတ်တာအပြင် BNRA အဖွဲ့ပိုင် ပစ္စည်းနဲ့စာရင်းတွေကိုလည်း ထိန်းသိမ်းသူ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ကံကြီးရွာဒေသခံတွေက ပကဖဆီကို တောင်းဆိုနေပေမဲ့ ကာကွယ်ရေးအဖွဲ့တွေဆီက တုံ့ပြန်မှု မရှိသေးပါဘူး။
ကံကြီးရွာသူတယောက်က “ည ၁၀ နာရီဝန်းကျင်ကလာပြီး ညကြီးဖမ်းသွားတယ်၊ ခုထိလည်း မလွှတ်သေးဘူး၊ ဘယ်ထားမှန်းလည်း မသိဘူး။ ဒါပေမဲ့ ရွာသူရွာသားတွေက စိတ်ပူနေတယ်ပေါ့၊ ဘုန်းကြီးလေး ဘယ်ထားမှန်းလည်း မသိတော့ပေါ့နော်။ ဘုန်းကြီးကျောင်းထဲလည်း ဝင်လို့မရဘူး၊ အဝင်မခံဘူး၊ အတွင်းထဲမှာလည်း သူတို့ ဘာလုပ်ထားမှန်း မသိရဘူးပေါ့နော်။ ဘယ်လိုလုပ် စိတ်ကောင်းနိုင်မှာတုန်း။ ကိုယ့်ရဲ့ကျောင်းထိုင်ဘုန်းကြီးကို ဒီလိုလုပ်သွားတဲ့အခါကျတော့။ အထက်လူကြီးတွေ ဘုန်းကြီးလေးကို ပြန်လွှတ်ပေးပါ၊ တောင်းပန်ပါတယ်။ ကျမတို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးရဲ့ဇာတိရွာဖြစ်တဲ့ ကြောင်သန်းရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ လောက်မှာ စစ်ကောင်စီက အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း ၂ ခုခွဲပြီး ရွာစဉ်လှည့်နေတာပါ။
လတ်တလောမှာ တိုက်ပွဲတွေ မပြင်းထန်သေးပေမဲ့ အချိန်မရွေး ဖြစ်လာနိုင်တဲ့ အခြေအနေတွေကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောင့်ကြနေရတယ်လို့ ဆိုပါတယ်။
ပုလဲဒေသခံတယောက်က “နဂါးရွာမှာတော့ ဘာမှမလုပ်ဘူးဗျ၊ ပုလဲကနေ ပြည်သူဆီက ထော်လာဂျီကားလေးတွေ ငှားပြီးတော့ သူတို့ပစ္စည်းရိက္ခာ သယ်တာတော့ တွေ့ရတယ်ဗျ။ နဂါးလည်း မရှိတော့ဘူးဆိုတဲ့ ပုံစံမျိုးလေးတွေနဲ့ နည်းနည်းတော့ အားငယ်ကြတယ်။ မယုံနိုင်လောက်အောင် ဖြစ်သွားကြတာလေ၊ တော်တော်လေးကို စိတ်ထိခိုက်သွားကြတယ်။ ခုလိုမျိုး သူတို့ စစ်ကြောင်းလှည့်နေတုန်းကတော့ ချင်ပြစ်ကျင်းရွာတဝိုက်ကတော့ အကုန်လုံး ပြေးလွှားနေကြရတာပေါ့ဗျာ” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်မှာ ဗိုလ်နဂါး စစ်ကောင်စီထံ လက်နက်ချသွားပြီး ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။
စစ်တပ်ဘက်က အင်အားဖြည့်တင်းနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း ဗိုလ်နဂါးရဲ့ လက်ကျန်တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လက်နက်မကိုင်ပေမဲ့ ဗိုလ်နဂါးကို ထောက်ခံခဲ့တဲ့ပြည်သူတွေ ဒေသတွင်းမှာ ကျန်နေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီက စည်းရုံးရေးနည်းလမ်းနဲ့ ဒေသခံတွေကြားမှာ သွေးခွဲတဲ့လုပ်ရပ်တချို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အင်း ဘုန်းဘုန်းလည်း အကောင်းပကတိပါပဲ
သူ့ကို စစ်စရာတွေလည်း ပုံလို့ပါပဲ။
စစ်ဆေးမှုရလာဒ်အချို့ကတော့ ထုတ်ဖော်တောင်မပြောရက်ပါ။
တချို့ချုံးပွဲချငိုချင်လိမ့်မယ်။
ထားပါ။
ဥပဒေ အထက်တော့ မည်သူမျှမရှိရပေ။
ဥပဒေအဆုံးအမအတိုင်းသာ ရှိပါမည်။
အဆင့်ဆင့်သို့ ဆက်လက်ဆောင်ရွက်စေလိုက်ပြီ။
ဟုတ် ဥပဒေ ထက်ကျော်၍ ကျနော်တို့ဘာမှမလုပ်ပါ။
Pale Thar


Leave a Reply