တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေ အားလျော့နည်းသွားပြီးနောက် မတ်လ (၁၆) ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာတော့မည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်သူများ၏ ခန့်မှန်းချက်အရ သိရသည်။

အထူးသဖြင့် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် လာမည့် မတ်လ (၂၀) ရက်နေ့နောက်ပိုင်း၌ နေ့အပူချိန်များမှာ ၃၉ ဒီဂရီစင်တီဂရိတ် နှင့်အထက်သို့ ရောက်ရှိလာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က သတိပေးထားသည်။

ယခုကဲ့သို့ အပူချိန်မြင့်တက်လာမှုနှင့်အတူ ခရမ်းလွန်ရောင်ခြည် (UV) အညွှန်းကိန်းများပါ မြင့်တက်လာနိုင်သဖြင့် အောက်ပါကျန်းမာရေးဆိုင်ရာ အချက်များကို အထူးဂရုပြုကြရန် လိုအပ်ပါသည် –

ရေဓာတ်လျော့နည်းခြင်းနှင့် အပူလျှပ်ခြင်း (Heatstroke) တို့ကို သတိထားရန်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အပူလွန်ကဲခြင်းကို ဂရုစိုက်ရန်။

နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်။

မိုးရွာသွန်းနိုင်မှု အခြေအနေများ –

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မတ်လ (၂၂) ရက်အတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးရွာသွန်းမှုနှင့်အတူ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင်လည်း မတ်လ (၁၈) ရက်အထိ မိုးအနည်းငယ် ရွာသွန်းနိုင်သည့် အခြေအနေများ ဆက်ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် ပြင်းထန်သောအပူရှိန်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ်မှ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *