လာမည့် (၅) ရက်အတွင်း မိုးအလွန်များပြီး ရေဘေးအန္တရာယ် ကြုံတွေ့နိုင်တဲ့ဒေသတွေ သတိပေးပြီ
မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းဝေးစေဖို့ ကြိုတင်ပြင်ဆင်နိုင်ရန် အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင် ရဲ့ ခန့်မှန်းချက်အရ နောက် (၅) ရက်အတွင်း အောက်ပါဒေသများတွင် မိုးအင်မတန် များပြားလာနိုင်ပါတယ် –
📍 အထူးသတိပြုရမည့် ဒေသများ
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း: မိုးရေချိန် ၅ လက်မခွဲမှ ၈ လက်မ နီးပါးအထိ စံချိန်တင် မိုးများနိုင်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း: မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။
မန္တလေးနှင့် မကွေးတိုင်း: လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
🌪 လက်ရှိအခြေအနေ
လက်ရှိတွင် ရမည်းသင်းမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေမှုများ စတင်နေပြီဖြစ်ကြောင်း သိရပါတယ်။
💡 ကြိုတင်ပြင်ဆင်ရန် အချက်များ
ရေကြီးရေလျှံမှုနှင့် မြေပြိုမှု အန္တရာယ်ရှိသော နေရာများတွင် နေထိုင်သူများ ကြိုတင်ရွှေ့ပြောင်းရန် ပြင်ဆင်ထားပါ။
အရေးကြီးစာရွက်စာတမ်းများနှင့် အရေးပေါ်ဆေးဝါးများကို လက်လှမ်းမီရာတွင် ထားရှိပါ။
လေပြင်းတိုက်ခတ်ချိန်တွင် ခိုင်ခံ့မှုမရှိသော အဆောက်အဦးများ၊ သစ်ပင်ကြီးများနှင့် ဓာတ်တိုင်များအနီး နေထိုင်ခြင်း ရှောင်ကြဉ်ပါ။


Leave a Reply