ရန်ကုန်က နာမည်ကြီး အောင်သုခ ထမင်းဆိုင်ရဲ့ အကြောတင်းတဲ့ ဝန်ထမ်းအကြောင်း (စားသုံးသူက အလကား လာစားရတဲ့ အတိုင်းပါပဲ)
ဒီရက်ပိုင်း နေက အရမ်းပူနေတာနဲ့ ကိုယ်ကလဲ နေမကောင်းတာနဲ့ဆိုတော့ မာမီ့ကို ဟင်းချက်နေရမှာစိုးလို့ အောင်သုခကနေ ထမင်းချိုင့်ဆွဲစားကြမယ်ပေါ့။
မြောက်ဒဂုံမှာနေတဲ့ အမတွေက သူတို့ ယူတာ အဆင်ပြေတယ်၊ (၁၁)ခွဲလောက်ဆို ရောက်ပြီဆိုတော့ မှာမယ်ပေါ့။
ဟိုနေ့က မာမီ ဟင်းအရသာ ကြိုက် မကြိုက် သိရအောင် သပ်သပ် သွားပြီး စားကြည့်ကြသေးတယ်၊ မှာဖို့ ကောင်တာကို သွားမေးတဲ့အချိန်မှာ ကောင်တာက ကောင်မက ချေမိုးနေတာ။
ဘယ်မြို့နယ်လဲ မေးပြီး စမ်းချောင်းဆိုတော့ သုံးသိန်းခြောက်သောင်း ကျမယ် ဒါပဲ။ ကျန်တာ ဘာမှ ရှင်းမပြဘူးနော်၊ မသိရင် သူ့ဆီက လာတောင်းစားနေသလိုပဲ တချက်။
ဟင်းမီနူး သိချင်လို့ တောင်းတာတောင် အစမှာ ကောင်မက စာရွက်ကုန်နေလို့ ဓာတ်ပုံရိုက်ယူသွားတဲ့၊ ပြီးကျတော့မှ တစ်ရွက် ထုတ်လာပေးတာ။
နောက်တရက် မြောက်ဒဂုံက အမတွေဆီ သွားမှ ဘယ်ဟာဆို ဟင်း (၂)မျိုး ရပြီး ဘယ်ဟာဆို ဟင်း (၁)ခွက်ပဲ ရမယ်လို့ သူတို့ ပြောပြလို့ သိရတာ။
အဲဒီလို တချို့ကိစ္စတွေ အဆင်မပြေပေမယ့် အောင်သုခဆိုတဲ့ နာမည်နဲ့တင် ငါ မှာစားလိုက်ပါ့မယ်လေဆိုပြီး မှာလိုက်တာ။
မနေ့က ဖုန်းနံပါတ် အသစ်တခုနဲ့ ကွန်ဖန်း လှမ်းလုပ်တဲ့ အမတယောက် စကားပြော တအား အဆင်ပြေ၊ ချိုသာယဉ်ကျေးကွာ။
ဒီနေ့မနက် အဲဒီအမ ထပ်ဆက်တော့လဲ အဆင်ပြေတယ်၊ မပြေတာက နေ့လည် (၁၂) နာရီ (၁၅) မိနစ်အထိ ထမင်းချိုင့် ရောက်မလာတာပဲ တချက်။
အဲ့ဒါကို သိချင်လို့ ဖုန်းဆက်လိုက်တော့ ဟိုနေ့က အချိုးမပြေတဲ့ မိန်းမ အသံ ထည့်ပေးလိုက်ပြီ ထည့်ပေးလိုက်ပြီ ဒီနေ့ ရောက်လာလိမ့်မယ်တဲ့။
အမှန်အတိုင်း ပြောရက် ဆ၊ဲချင်တာ တအားပဲ။ ဒီနေ့ ရောက်လာတာကတော့ သူ ပြောမှလား၊ မြောက်ဒဂုံဘက်ကိုတောင် (၁၁)ခွဲလောက် ရောက်တယ်ဆိုလို့ မှာတာလေ။
စမ်းချောင်းကို (၁၂)ခွဲခါနီးထိ မရောက်လို့ ဖြေရှင်းပေးပုံက အရမ်းကို အပေါစား အောက်တန်းစား ဆန်လွန်းတယ်။
ပြီးကျတော့မှ ဒိန့မနက် ပို့မယ့် ကောင်လေးက စက်ဘီးပျက်သွားလို့ တခြားတယောက်နဲ့ ထည့်ပေးလိုက်တာ လာပါလိမ့်မယ်တဲ့။ စမ်းချောင်းကိုဆို စက်ဘီးဒလီနဲ့ပဲ ပို့မယ်ဆိုတာ အခုမှ သိရတာနော် တချက်။
မေးတဲ့ စကားကို ဆုံးအောင် နားထောင်ဦး နောက်နေ့တွေရော ဒီအချိန်မှ ရောက်မှာလား အဲဒီလိုဆိုရင် အဆင်မပြေဘူးလို့ ပြောတော့ နောက်နေ့တွေ စောမှာပါ သေချာပါတယ်တဲ့။
အဲဒီအချိန်မှာ ဖုန်းဆက်လာတယ်၊ ထမင်းချိုင့် လာပို့တာပါတဲ့။ အဲဒါနဲ့ ဆင်းယူရင်း လာပို့တဲ့ ချာတိတ်ကို မေးလိုက်တယ် နောက်နေ့တွေရော ဘယ်အချိန် ရောက်မှာလဲဆိုတော့ ဒိအချိန်ပဲတဲ့။
နောက်နေ့တွေ စောပို့မှာပါဆိုတဲ့ဟာနဲ့ သူတို့ ဒလီနဲ့ အချိတ်အဆက် မိနေမှုကြီးကို ကြည့်အုန်း၊ အဲဒါနဲ့ ထပ်ဖုန်းဆက်တော့ကျ ဟိုမိန်းမပဲ ထပ်ကိုင်တယ်။
သူ ပြီးပြီးရော ပြောပြီး မဖြေရှင်းနိုင်တော့မှန်း သိတော့မှ ခဏကိုင်ထားနော်ဆိုပြီး မနက်က ဖုန်းဆက်တဲ့ အမဆီ ဖုန်းသွားပေးတာ။
အမရေ ကျနော့် အမေက အသက် (၈၀)ရှိပြီ။ နေ့လည် (၁၂)ခွဲမှ အမြဲရောက်မယ်ဆို အဆင်မပြေပါဘူး ပြောတော့ တောင်းပန်တယ်။ သူတို့ စက်ဘီး ဒလီ (၂)ခုလုံးက ၁၁ ခွဲလောက် မရောက်နိုင်ဘူးတဲ့၊ အဲဒါကို အစောတည်းက ရှင်းပြ ပြောပြရမှာ မဟုတ်ဘူးလား။
အစောတည်းက သိထားရင် ကိုယ့်အနေနဲ့ မှာသင့် မမှာသင့် ပြန်စဉ်းစားမိမှာလေ။ ခုဟာက ပထမဆုံးနေ့မှာတင် ဆောက်နဲ့ ထွင်းပြီး သင်ခန်းစာ ပေးချလိုက်သလိုပဲ။
ငါ့ဆီကနေ ထမင်းချိုင့် ထွက်သွားပြီ ငါ့လက်က လွတ် ဗြွတ်လို့မှ မရတာ၊ သူတို့လို ဆိုင် အကြီးကြီး မပြောနဲ့ ကိုယ်လို ပိစိပေါက်စ စျေးရောင်းသူတောင် မရောက်သေးဘူး ပြောရင် trace လိုက်ပေးရတာလေ။
အဲဒါနဲ့ တခါတည်း ပြောချလိုက်တယ်။ ဟိုနေ့တည်းက အမတို့ဆီ လာစားပြီး သပ်သပ် လာစုံစမ်းတာ ကောင်တာ ထိုင်တဲ့ မိန်းမက ရှင်းပြဖို့ နေနေသာသာ မီနူး တောင် ဓာတ်ပုံ ရိုက်ယူခိုင်းတယ်လို့။
အဲ့ဒါနဲ့ ချိုင့် မယူဖြစ်တော့ဘူးလို့ ဒီနေ့ ထည့်ပေးလိုက်တဲ့ ဟင်းပွဲတွေတော့ အားနာလို့ ယူပြီး ပိုက်ဆံ ရှင်းပေးလိုက်မယ်ဆိုပြီး ၂၇၅၀၀ ရှင်းပေးလိုက်တယ်။
ခုထိ ထမင်း မစားရသေးဘူး စိတ်တိုလို့ .. နဂိုတည်းက hungry is angry ပါဆိုမှ။ အခုလို အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ထဲ အနှောက်အယှက်ဖြစ်ရရင် တနေကုန် စိတ်မကြည်တော့တာ။
ကျန်တဲ့သူတွေအတွက်တော့ အဆင်ပြေကောင်း ပြေလိမ့်မယ်။ ကိုယ်ကတော့ အောင်သုခကို လက်လန်သွားပြီ။ ဒါတောင် ဟိုအမရယ် ဒလီ လာပို့တဲ့ ချာတိတ်ရယ်က တောင်းပန်လို့ ဟိုမိန်းမ အချိုးနဲ့သာဆို တနေကုန် လောင်နေမှာ
Soe Thura


Leave a Reply