ပျောက်ဆုံးနေဆဲ မိခင်ကြီးကို စိတ်ပူနေတဲ့ ခင်ပိုးပန်းချီ

မြတ်စွာဘုရားရှင်အား မာလာရေစင်ကပ် ၊ ဆွမ်းနဲ့ဆွမ်းဟင်းများ ကပ်လှူပြီးကုသိုလ်ကောင်းမှု့ပြုပြီးပါပြီ..

စိတ်ပူပေးကြတဲ့မိသားစုများအားလုံး messenger မှာ reply မပြန်ဖြစ်ရင် စိတ်မဆိုးကြပါနဲ့ရှင့်

99+ ဖြစ်ပြီးနိုင်သလောက်လေးစာပြန်ပေးနေပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

နိုင်တဲ့ဘက်ကနေ တက်နိုင်သလောက်ရှာဖွေလုပ်ဆောင်နေပါတယ် ၊ ကူညီပေးကြတဲ့သူတွေရဲ့အဆက်အသွယ်နဲ့ ရှာဖွေနေပါတယ်..

တချို့တွေက ဟိုနေရာမှာတွေ့တယ် ဒီနေရာမှာတွေ့တယ်ဆိုပြီးလည်းလာပြောပေးထားကြပါတယ်..

ဒါပေမယ့် လာပြောပေးကြသူတွေက ပဲခူးတွေ ၊ မော်လမြိုင်တွေ ၊ တောင်ငူတွေ မှာတွေ့တယ်လို့လာလာပြောပေးကြပါတယ်

သွားမေးတော့လည်း တိကျတဲ့အဖြေမဟုတ်ပဲ ဘယ်နေရာမှာ ဘာလုပ်နေတယ်ဆိုတာကိုပဲ ပြောနေတော့ မတိကျပဲသတင်းပေးတာလေးတွေနဲနဲလေးသတိထားပေးပါနော်🙏🏻

အမိုးရဲ့လက်ရှိပုံ – လက်ရှိအနေအထားနဲ့ သက်သေတို့ – vd call တို့မရမချင်း ဆက်လက်ရှာဖွေနေမှာပါ ။

အမိုးက အမြဲဖုန်းပျောက်တက်တဲ့သူပါ..

(ခင်တဲ့သူတွေဆိုသိကြပါတယ်)

iPhone လဲ ပေးထားတာတောင် ယူမသွားပါဘူး

phone နဲ့ tracking လိုက်ချင်တာတောင်လိုက်လို့မရတဲ့အနေအထားဖြစ်နေတာပါရှင် ။

အရှေ့ကပို့စ်မှာ စာသေချာလည်းရေးထားပေးပါတယ် ၊ အခုဆို တစ်လပြည့်ခါနီးနီး ရက်ကြာနေလို့ စိတ်ပူလွန်ပြီး လိုင်းပေါ်တင်လိုက်တာပါရှင်..

ဝိုင်းရှာပေးကြတဲ့ မိသားစုတွေ ရှိလို့သာ တကယ်စိတ်လေးတင်းပြီးဆက်ရှာဖို့အားရှိတာပါ ။

(တစ်ပတ်ကျော်ကြာတဲ့အထိ ရဲမတိုင်ဖြစ် ၊ မရှာဖြစ်ဖူးဆိုတာက အရင်ကလည်း အမိုးကသူငယ်ချင်းတွေနဲ့ ရက်ရှည်ခရီးသွားနေကြလူကြီးဖြစ်တဲ့အတွက် အရမ်းမတွေးခဲ့မိတာပါ အဲ့တာကတော့ ကိုယ့်ဘာသာညံ့မိတဲ့အချက်ပေါ့လေ..) အဲ့တာကြောင့် အခုတော့ ဆက်လက်ရှာဖွေနေပါတယ်ရှင်..🙏🏻

❕[ ❗️အရေးကြီးတဲ့အချက်ကတော့ ပေးထားတဲ့ဖုန်းမယူသွားဘူး/ဘယ်သွားမလည်းတောင်မပြောသွားဘူး ၊ သားသမီးကလည်းမမေးဘူး❗️ဆိုတဲ့အချက်နဲ့ပက်သတ်ပြီး 👉🏻

မိသားစုနဲ့ရန်ဖြစ်ပြီးထွက်သွားတာမျိုးမဟုတ်ပါဘူးနော် ၊

စိတ်အားငယ်တာတို့ ၊ တန်ဖိုးမထားခံရတာတို့ကြောင့်လည်းမဟုတ်တာသေချာပါတယ်

* ဒီစာလေးထည့်ရေးရတာက တချို့တွေက ကျွန်မက အမေ့ကြောင့်နဲ့စိတ်ထောင်းကိုယ်ကြေဖြစ်နေရတာတောင် ကျွန်မကိုမသေချာတဲ့အထင်မြင်တွေနဲ့လာအပြစ်တင်၊ မဟုတ်မမှန် ဝေဖန်နေကြလို့ပါ –

ကိုယ်တွေညီအစ်မ အမေကို ဘုရားလိုကိုးကွယ်တာ ကိုယ်ရဲ့မိတ်ဆွေတွေအကုန်သိကြပါတယ်

အမိုးကိုပျော်အောင်အမြဲထားပေးတာပါ..

ဘယ်အချိန်ကတည်းက လူကိုစိတ်ကိုတို၊က်ခို၊က်ချင်နေကြလဲတော့မသိဘူး messenger အထိတောင် သူတို့မှာတကူးတကကိုလာပြီး ပြောရက်ဆိုရက် လိုက်ကြတာ ၊

ကိုယ့်မှာ အတော်ကြေကွဲ ရတယ်

မိဘ ၂ ပါးထဲက ၁ ပါး ပျောက်တယ် ဆိုတာ အင်မတန်မှ ပူလောင်ရ တဲ့အရာပါ

ဖြစ်ရင်နိုင်ဒါတွေပြောမနေချင်ပါဘူးရှင် ၊

နောက်နောင် messenger မှာရော comment မှာပါ စိတ်ထိခိုက်စေမယ့်စကားလေးတွေရေးတာရှောင်ပေးဖို့တခါတည်းထည့်ရေးပေးလိုက်ရပါတယ် ] ❕

လက်တွေ့ရှာဖွေရေးအနေနဲ့လည်းအဖက်ဖက်ကရှာနေသလို..အသိမမတွေရဲ့အဆက်အသွယ်နဲ့ ဗေဒင်မေးထားတာလေးတွေလည်းရှိတာမလို့ အားမလျော့ပဲ အမိုး ပြန်လာနိုင်အောင် / ပြန်လာဖို့ကို ရှာဖွေနေ ၊ ဆုတောင်းနေဆဲပါရှင်..✨🙏🏻

ဘုန်းဘုန်းတွေပေးတဲ့ ယတျာတွေလည်းလုပ်ထားပါတယ်

ယုံကြည်ပါတယ် အမေ ပြန်လာမှာပါ..

—————-

⭕️ဒီအောက်ကစာကတော့စာရှည်ပါမယ် မဖတ်လည်းဖြစ်ပါတယ်နော် ဒီအတိုင်းကိုယ်ခံစားရတာတွေရေးထားချင်လို့ပါရှင်… ⭕️

အမိုးနဲ့ပက်သတ်လာတော့ အရာရာကိုစိတ်ပူနေရပါတယ်..

ငယ်ငယ်ကတည်းက အမိုးကိုအရမ်းချစ်တဲ့သမီးတစ်ယောက်အနေနဲ့ အစစအရာရာ အမိုးစိတ်ချမ်းသာသလိုနေခဲ့ပေးတာ…။

အမိုးဖြစ်စေချင်တဲ့ သမီးမျိုးဖြစ်အောင် ၁၀၀% ကြိုးစားပြီးနေတယ် ၊ အမိုးခိုင်းတဲ့အလုပ်တွေဆို (သမာအာဇီဝမှန်သမျှ) ကိုယ်နိုင်တာ အကုန်လုပ်ပေးတယ် ၊ အမိုး ဆင်ပေးတာလေးတွေပဲဝတ်တယ် ၊

အမိုးပြောသမျှစကားအကုန်နားထောင်တယ်.. ၊ ကြီးလာတော့လည်း အမိုးမျက်နှာပျက်ရမယ့်ကိစ္စ တစ်ခုမလုပ်ခဲ့ဘူး..

ကိုယ့်ကြောင့်နဲ့ကိုယ့်မိဘ ခေါင်းမော့ရင်ကော့နိုင်အောင်ပဲ ကြိုးစားနေထိုင်ပါတယ်..

မိဘနှစ်ပါးလုံးကို ကိုယ်သီချင်းစဆိုကတည်းက အလုပ်မလုပ်စေချင်ဘူး အိမ်မှာပဲအေးဆေးနေစေချင်တာမလို့ ကိုယ်တိုင်ပဲ အိမ်ရဲ့တာဝန်တွေနဲ့ မိသားစုရေးကအစ အစစအရာရာ ကိုယ့်ပုခုံးပေါ်ထမ်းထားခဲ့တာပါ ။

မွေးနေ့ကစလို့ အခါကြီးရက်ကြီးတွေမှာ ပိုက်ဆံကန်တော့တာနဲ့ လိုချင်တာတွေအကုန်ဝယ်ပေးတာမျိုးတွေ.. အဲ့လို သေးသေးလေးတွေကစလို့ အမိုးစိတ်ချမ်းသာစေမှာလေးတွေအမြဲလုပ်ပေးဖြစ်တယ်..(လိုင်းပေါ်မတင်မိတာပဲရှိတာ)

အလုပ်တွေအရမ်းများပြီးအရမ်းပင်ပန်းလာခဲ့ရင်တောင် အမိုးကိုဖွင့်မပြောရက်ဘူး အစ်မကိုပဲ တိတ်တဆိတ်ပြောဖူးတာပဲရှိတယ်..

အမိုးအရှေ့ကနေ မားမားမက်မက်ရပ်တည်ပြီး သန်မာတဲ့သမီးတစ်ယောက်အနေနဲ့နေခဲ့တာ..၊

မနိုဆုံးတုံးကလည်း အမိုးအရမ်းခံစားနေရတဲ့အချိန်မလို့ နာရေးအစအဆုံးကို မျက်ရည်တစ်စက်မကျမိအောင်ထိန်းရင်း အစ်မမာ နဲ့အတူ db တွေဆေးရုံမှာထုတ်တာဘာညာ ၊ ကိစ္စ ကြီးငယ် ဦးဆောင်ပြီး လုပ်ပေးခဲ့တာပါ…

အဲ့လောက်ထိမိဘအပေါ်ချစ်ပေးတာပါ (ကိုယ်ထုတ်ပြတက်တဲ့ဘက်အခြမ်းတွေကနေချစ်ကြောင်းကိုအမြဲပြသပေးခဲ့တာ) အခုတော့ ကိုယ်အဲ့လို တန်ဖိုးထား ၊ ချစ်ရတဲ့မိဘတစ်ပါးအိမ်ပြန်မလာသေးတော့ တကယ်ရင်ပူပါတယ်….။

– ဒီစာလေးရေးမိတာကလည်း တချို့သူတွေကမိဘထွက်သွားတာတောင် မမေးဘူးနော် ဆိုပြီးပြောနေကြတာမလို့ ကိုယ်က မမေးမိတာလေးပဲရှိတာပါ..၊

မိဘကိုအရမ်းချစ်တဲ့သမီးတစ်ယောက်မလို့ စိတ်ထိခိုက်အောင်လာမပြောကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေ.. –

အဲ့တာကြောင့်မလို့ ဘုရားရှိခိုးတိုင်းဆုတောင်းနေပါတယ်

အမေ မြန်မြန်ပြန်ရောက်လာပါစေ ၊

ဘေးမသီရန်မခပဲ အကောင်းအတိုင်းပြန်လာပါစေ..၊

မသူတွေနဲ့ကင်းပြီး သူတော်တွေနဲ့သာတွေ့ဆုံနိုင်ပြီး အိမ်ကမိသားစုတွေဆီပြန်လာနိုင်ပါစေ…

အမိုးကိုအကုန်လုံးမျှော်နေကြတယ်နော်…၊ ❤️❤️❤️

အရမ်းသတိရနေပါတယ် အမိုး အိမ်မြန်မြန်ပြန်ရောက်လာပါစေ 🙏🏻🙏🏻🙏🏻

ခင်ပိုးပန်းချီ


Comments

Leave a Reply

Your email address will not be published. Required fields are marked *