ငြိမ်းမြတ်သူယောက်ျား ထက်အာကာကျော်နဲ့ ကလေးမ လစ်ပြီ (ရုပ်သံ)

🚨 သားလေးကိုမထောက်ထားဘဲ ဖောက်ပြန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို တလင်တမယားဥပဒေနဲ့ တရားစွဲဆိုလိုက်တဲ့ ငြိမ်းမြတ်သူ

​သားလေးရဲ့ မျက်နှာကိုတောင် မထောက်ထားဘဲ အခြားအမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ထက်အာကာကျော်နဲ့ အဆိုပါအမျိုးသမီးကို ဒီကနေ့မှာ တလင်တမယားဥပဒေနဲ့ စတင်တရားစွဲဆို တင်ပို့လိုက်ပြီဖြစ်ကြောင်း ငြိမ်းမြတ်သူနဲ့ သူမကို အခမဲ့ ကူညီပေးနေတဲ့ ရှေ့နေတို့က အသိပေးလာပါတယ်။

​ငြိမ်းမြတ်သူအနေနဲ့ ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကို ခါးသီးစွာ ကြုံတွေ့ခဲ့ရပြီး ဒီဖြစ်ရပ်အပေါ် မြင်တွေ့ရသူတိုင်းကလည်း သူမအတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ဒီလို အခက်အခဲတွေကြားထဲကမှ ရှေ့နေအစ်မနဲ့ တခြားစေတနာရှင်တွေက ဝိုင်းဝန်းကူညီခဲ့ကြပြီး ရှေ့နေခကအစ အိမ်နေရာနဲ့ သွားလာရေးအဆုံး တပြားတစ်ချပ်မှ မယူဘဲ အခမဲ့ စီစဉ်ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

​အမှုစတင်ဖွင့်လှစ်ခဲ့တဲ့ ဇွန်လ (၁၁) ရက်နေ့ကနေ တစ်လတိတိပြည့်တဲ့ ဒီကနေ့ ဇူလိုင်လ (၁၀) ရက်နေ့ တောင်ဥက္ကလာပ တရားရုံး ရုံးချိန်းမှာတော့ တလင်တမယားဥပဒေ ပုဒ်မ (၁၃) နဲ့ တရားစွဲဆို တင်ပို့နိုင်ခဲ့ပြီဖြစ်ပါတယ်။

​သူမကို ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ တာဝန်ရှိသူတွေ၊ ရှေ့နေအစ်မနဲ့တကွ အားပေးစကားဆိုခဲ့ကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ငြိမ်းမြတ်သူက ရင်ဖွင့်ပြောကြားသွားခဲ့ပါတယ်။

ငြိမ်းမြတ်သူရဲ့ ဖောက်ပြန်တဲ့ ယောကျား ထက်အာကာကျော်နဲ့ သူအတူဖောက်ပြန်တဲ့ဟိုကောင်မလေး နှစ်ယောက်လုံး ထောင်ကျသွားပီတဲ့

အာမခံကို မရပါတဲ့

ဟိုတနေ့က ဥပဒေအကြောင်းတွေတင်လိုက်တော့ မြန်မာပြည်မှာ အသုံးမဝင်ပါဘူးဆို

ခုတော့ အသုံးဝင်လို့ ဟိုဘက်လွန်

ကဲဒါဟာ အိမ်တွင်းအကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေနဲ့ ဖောက်ပြန်ခံနေရတဲ့ အမျိုးသမီးတွေတွက် စံနမူကောင်းပဲ

ရှေ့နေ့အမ မချမ်းမွန် ကျေးဇူးအထူးပါ

နောက်ထပ် ငြိမ်းမြတ်သူတွေ အများကြီး လွတ်မြောက်နိုင်ကြပါစေ

Screenshot
Screenshot

Nyein Myat Thu’s unfaithful husband, Htet Arkar Kyaw, and the woman he was having an affair with have reportedly been sent to prison without bail.

This is an important example for women who are suffering from domestic violence or dealing with a partner’s infidelity that they have the right to seek justice and stand up for themselves.

Special thanks to Ma Chan Mon for her support and dedication throughout this case.

Shine Wunna


Comments

Leave a Reply

Your email address will not be published. Required fields are marked *