ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုTတ်ဖြ-တ်ခဲ့သူအား ထိုင်းတရားရုံးက အမိန့်ချပြီ

ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုသတ်ဖြတ်ခဲ့သူအား ထိုင်းတရားရုံးက ထောင် ရှစ်နှစ်ချမှတ်

ထိုင်းနိုင်ငံမှာ ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သူကို ဘန်ကောက်မြို့မှာရှိတဲ့ တရားရုံးက ထောင်ဒဏ်ရှစ်နှစ်ချမှတ်လိုက်ပြီလို့ သိရပါတယ်။

ထောင်ချခံလိုက်ရသူဟာ မကျော့ကျော့ဝေ(၂၈)နှစ်ကိုသတ်ဖြတ်ခဲ့တဲ့ သူ့ခင်ပွန်းဟောင်း ဦးကျော်မင်းနိုင်(၃၇)နှစ်ဖြစ်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်မှာ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ဘော်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။

အခုလို ဦးကျော်မင်းနိုင်ကို ထောင်ဒဏ်ရှစ်နှစ်ပဲချမှတ်ခဲ့မှုဟာ လုံလောက်တဲ့ပြစ်ဒဏ်မဟုတ်ဘူးလို့ မကျော့ကျော့ဝေဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က ပြောပါတယ်။

“လူတစ်ယောက် အသက်တစ်ချောင်းကိုပေးထားပြီးမှ သူက ထောင်ဒဏ်က ရှစ်နှစ်ပဲကျတယ်ဆိုတော့ ကျနော်တို့ကတော့ သိပ်လက်မခံနိုင်ဘူး။ ဒါပေမဲ့ ရှေ့နေကတော့ ပြောတယ်။ ဒီအမှုကို ပြန်လုပ်လို့ရတယ်ပေါ့နော်။ ပိုက်ဆံကတော့ နည်းနည်းသွင်းရမယ်ပေါ့။ သူက (ဦးကျော်မင်းနိုင်) ရှေ့နေငှားပြီးတော့ အမှုကို ပေါ့လျော့အောင်လုပ်နေတယ်သူက။ ပိုက်ဆံနဲ့ လုပ်တယ်ပေါ့လေ”လို့ ပြောပါတယ်။

တရားလိုဖြစ်တဲ့ မကျော့ကျော့ဝေရဲ့ ဦးလေးဟာ အခုအမှုအတွက် ပိုက်ဆံလုံလောက်စွာ မတတ်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

တရားခံဦးကျော်မင်းနိုင်ကို ထောင်ဒဏ်ထပ်တိုးချနိုင်အောင် တစ်လအတွင်း ပိုက်ဆံအလုံအလောက်နဲ့ အမှုကို ဆက်လက်လုပ်ဆောင်ချင်တယ်ဆိုရင် လုပ်ဆောင်ပေးနိုင်တဲ့အကြောင်း ရှေ့နေက ပြောတယ်လို့ ကိုစိုးမြင့်က ပြောပါတယ်။

တရားခံဦးကျော်မင်းနိုင်အား ထောင်ဒဏ်ထပ်တိုးချနိုင်အောင် တစ်လအတွင်း ပိုက်ဆံအလုံအလောက်ဖြင့် အမှုအား ဆက်လက်လုပ်ဆောင်လိုပါက လုပ်ဆောင်ပေးနိုင်ကြောင်း ရှေ့နေက ပြောသည်ဟု ကိုစိုးမြင့်က ပြောသည်။

ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့ရှိ ဆိုင်ကယ်မူလီ လုပ်ငန်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ ပြားကြီးကျေးရွာမှ မကျော့ကျော့ဝေကို ဦးကျော်မင်းနိုင်က အဆိုပါစက်ရုံအနီး မြန်မာအလုပ်သမားများနေထိုင်ရာ တန်းလျားတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့၊ နံနက် ၉ နာရီခန့်၌ ဝက်အူလှည့်ဖြင့် ထိုးသတ်သွားခဲ့သည့်အတွက် မကျော့ကျော့ဝေ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်ဟု သိရသည်။

မကျော့ကျော့ဝေ၏ ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် အမျိုးသမီးအင်္ဂါတွင်လည်း ထိုးသွင်းဒဏ်ရာများပါရှိသလို လည်ပင်းကိုလည်း ညှစ်သတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အသတ်ခံလိုက်ရသည့် မကျော့ကျော့ဝေ

အသတ်ခံလိုက်ရသည့် မကျော့ကျော့ဝေ၏ရုပ်အလောင်းကို ဇန်နဝါရီလ ၂၅ ရက်(တနင်္ဂနွေနေ့)၊ ထိုင်းစံတော်ချိန် ညနေ ၃ နာရီတွင် ဘန်ကောက်မြို့၌ သင်္ဂြိုလ်ခဲ့သည်။

မကျော့ကျော့ဝေအားသတ်ပြီးနောက် ဦးကျော်မင်းနိုင်သည် ထွက်ပြေးသွားခဲ့သော်လည်း နောက်တစ်နေ့ ဇန်နဝါရီလ ၂၂ ရက်၊ ည ၉ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ၊ ဟန်ယိုင်မြို့ရှိ တောထဲတွင် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် သူ့ကို ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၈ နာရီတွင် ဘန်ကောက်မြို့ရှိ တရားရုံးတစ်ခု၌ စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး ‌ထောင်ဒဏ် အနှစ် ၂၀ ကနဦးချမှတ်ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၅ ရက်တွင်လည်း ထောင်ဒဏ် ၁၁ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်ဟု သိရသည်။

မကျော့ကျော့ဝေကို သူသတ်သွားသည်မှာ မှန်ကန်သည်ဟုလည်း ဇွန်လ ၂၉ ရက်ရုံးချိန်းတွင် ဝန်ခံခဲ့သည်။

တရားခံ ဦးကျော်မင်းနိုင်သည်လည်း ရခိုင်ပြည်၊ မာန်အောင်မြို့နယ်၊ ပန်းခြံကျေးရွာဇာတိဖြစ်သည်ဟု သိရသည်။

မကျော့ကျော့ဝေနှင့် ဦးကျော်မင်းနိုင်တို့သည် အိမ်ထောင်ကွဲနေသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော်လည်း ဦးကျော်မင်းနိုင်သည် မကျော့ကျော့ဝေဆီ မကြာခဏလာပြီး အဓမ္မပြုကျင့်ကာ ပြဿနာရှာလေ့ရှိသည်ဟုလည်း နီးစပ်သူများက ဆိုကြသည်။

ဦးကျော်မင်းနိုင်သည် လူသတ်မှုပုဒ်မအပါအဝင် လူသတ်ပြီး စောင်များခြုံကာ တံခါးကို သော့ပိတ်ထားခဲ့မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ မကျော့ကျော့ဝေနှင့်ကွာရှင်းပြီးနောက် သူမထံလာပြီး အဓမ္မပြုကျင့်မှု စသည့် ပုဒ်မလေးခုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ဓာတ်ပုံ – Soe Myint


Comments

Leave a Reply

Your email address will not be published. Required fields are marked *