အလွဲကြီး လွဲနေတဲ့ ဖြစ်စဉ်တစ်ခု (သို့မဟုတ်) ရိုးရှင်းမနေတဲ့ သေဆုံးမှု
၁။ ဆီးမလောင်းချရသေးခြင်းနှင့် လက်ထဲက သွားတိုက်တံ

ဆီးသွားလက်စ၊ ဆီးမလောင်းချရသေးခင် သေဆုံးသွားခဲ့ရတယ်။ လက်ထဲမှာလည်း သွားတိုက်တံကြီး ကိုင်ထားရက်သား။
သေဆုံးချိန်မှာ သွားတိုက်နေတုန်း မထင်မှတ်ထားတဲ့ အန္တရာယ်နား ရောက်လာခဲ့တာလား? ရန်ရှာခံခဲ့ရတာလား?
ဆီးသွားနေတုန်း အသက်အန္တရာယ် ပေးမယ့်သူက အနောက်ဘက်ကနေ ရောက်လာခဲ့တာလား? တွေးစရာတွေ အများကြီးပါ။
ဒါမှမဟုတ် အမှုအခင်း သာဓကအများစုမှာ (ဥပမာ- ထောင်အတွင်း ထောင်သားအချို့ သုံးတတ်သလို) မိမိအသက်ကို လာရောက် ရန်ရှာသူကို ပြန်လည်ခုခံဖို့ လက်ထဲမှာ မိရာရာ လက်နက်အဖြစ် ဆုပ်ကိုင်ထားရင်း ဆုံးပါးသွားခဲ့တာများလား?
၂။ အချက်ပေး ခေါင်းလောင်းသံ (Red Flag 🚩)

ပိုဆိုးတာက ထိုသူမဆုံးခင်မှာ သူအရမ်းကြောက်နေကြောင်းနဲ့ သူ့နောက်ကို လူဆိုးတွေ ကားနဲ့ လိုက်လာနေတယ်လို့ အကြိမ်ကြိမ် ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။
၃။ မသင်္ကာဖွယ် မဆုံးမီ အခြေအနေ

မဆုံးခင် ညဉ့်နက်တဲ့အထိ မအိပ်ဘဲ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားဖောင်ဖွဲ့ခဲ့ပါသေးတယ်။
ဒါပေမဲ့ မကြာမီမှာပဲ ထိုသူ့ရဲ့ လည်ပင်းမှာ ကြိုးပတ်ရစ်လျက် ဒူးထောက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရပြန်ပါတယ်။
ဒါဟာ လုံးဝ ရိုးရှင်းတဲ့ Case မဟုတ်ပါဘူး။
လုပ်ကြံခံရတာ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။
၄။ သဲလွန်စများ ပျက်စီးသွားခြင်း

ယခုလို အရေးကြီးတဲ့ သေမှုသေခင်း crime scene ကို သေချာ စနစ်တကျ အထူးကာကွယ် ထိန်းသိမ်းထားရမယ့်အစား ခြေရာလက်ရာတွေ ပျက်စီးသွားအောင် ပညာတတ် ဉာဏ်ကျယ်ဆိုသူများက ဝင်ရောက်မွေနှောက် ဖျက်ဆီးလိုက်ကြတာကြောင့် လက်ဗွေရာနဲ့ သဲလွန်စအကုန် သဲထဲရေသွန် ဖြစ်ခဲ့ရပါပြီ။
၅။ ဘယ်လိုမှ ယုတ္တိမရှိခြင်း

ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သူက ကြိုးသုံးပြီး သေဆုံးချိန်မှာ ဒူးထောက်ရက်သားကြီး ဖြစ်နေမတဲ့လား?
အဲဒီအပြင် လက်ထဲမှာပါ သွားတိုက်တံကို မြဲမြဲကြီး ကိုင်ထားသေးသတဲ့!
ဘယ်လိုမှ ယုတ္တိမရှိပါဘူး။ အလွဲကြီးကို လွဲနေတာပါ။ ဒီလောက်ပဲ ပြောလိုက်ပါတော့မယ်…။



Leave a Reply