ရေဘေးအန္တရာယ် ဆိုးဆိုးရွားရွား ကြုံတွေ့နေရချိန်မှာ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကူညီပေးနေတဲ့ အနုပညာရှင်တွေ အများအပြား ရှိပါတယ်။

ဒီအထဲမှာမှ ပရိသတ်တွေရဲ့ အချစ်တော် ထိပ်တန်း သရုပ်ဆောင် ဇနီးမောင်နှံဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာ လေးမျက်နှာမြို့က ရေဘေးသင့် ပြည်သူတွေဆီကို ကိုယ်တိုင် သွားရောက်ပြီး လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့လှူဒါန်းခဲ့ကြပါတယ်။
ဒီခရီးစဉ်လေးမှာ အားလုံးရဲ့ ရင်ထဲကို အထိမိဆုံးဖြစ်စေခဲ့တဲ့ မြင်ကွင်းကတော့ ပြေတီဦး ရဲ့ အလွန်ကို ရိုးကျိုးနှိမ့်ချတဲ့ အပြုအမူလေးပဲ ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် ရေဘေးသင့်ပြည်သူတွေကို အလှူငွေ ပေးအပ်လှူဒါန်းစဉ်မှာ ပြေတီဦးတစ်ယောက် လက်အုပ်လေးချီကာ အလွန်ကို ရိုသေလေးစားစွာနဲ့ ပေးအပ်နေတာကို မြင်တွေ့ရမှာပါ။
ဒီလို နှိမ့်ချတဲ့ အပြုအမူလေးကြောင့်ပဲ ပရိသတ်တွေရဲ့ ချီးကျူးမှုကို တစ်ခဲနက် ရရှိနေတာဖြစ်ပါတယ်။

ထိပ်တန်း အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအပေါ် ထားရှိတဲ့ သူ့ရဲ့ စစ်မှန်တဲ့ မေတ္တာနဲ့ ရိုသေမှုက တကယ့်ကို လေးစားစရာကောင်းလှပါတယ်။
သူတို့ ဇနီးမောင်နှံ ရောက်ရှိသွားချိန်မှာ ရေဘေးကြောင့် စိတ်သောကရောက်နေရတဲ့ ဒေသခံပြည်သူတွေသာမကဘဲ၊ နေ့ရောညပါ ကူညီဆောင်ရွက်နေကြတဲ့

ပရဟိတ လူမှုကူညီရေးအဖွဲ့တွေ၊ လုံခြုံရေး တာဝန်ယူပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေပါ မျက်နှာပေါ်က အပူသောကတွေ ခဏတာ ကင်းစင်သွားပြီး ဝမ်းသာအားရ ဝိုင်းဝန်းနှုတ်ဆက်ခဲ့ကြတာကို ကြည်နူးဖွယ် မြင်တွေ့ခဲ့ရပါတယ်။

ကိုယ်တိုင်ကိုယ်ကျ ရေထဲရွှံ့ထဲ အရောက်သွားပြီး လက်အုပ်လေးချီကာ လှူဒါန်းခဲ့တဲ့ ပြေတီဦးရဲ့ အပြုအမူဟာ ပြည်သူတွေအတွက် ငွေကြေးနဲ့ ဝယ်ယူလို့မရနိုင်တဲ့ ကြီးမားတဲ့ စိတ်ဓာတ်ခွန်အားကို အမှန်တကယ် ပေးစွမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်တို့ ကရော ပြေတီဦးတို့ လင်မယား အပေါ်မှာ ဘယ်လိုမြင်ကြပါသလဲ?



Leave a Reply