ကျောင်းကိုသွားတွေ့တာနဲ့ပတ်သက်ပြီး သိချင်နေကြလို့ ပြောပြပါမယ်ရှင်.
ကျွန်မတို့လင်မယားနှစ်ယောက် ကျောင်းမှာ ကျောင်းအုပ်ကြီး ၊ သမီးလေးအတန်းပိုင်နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသော အခြားဆရာဆရာမ ၃ယောက်တို့နဲ့ တွေ့ခဲ့ပါတယ်.
ကျွန်မတို့ CCTV တောင်းကြည့်ရာတွင် စာသင်ခန်းထဲတွင် ကျောင်းသားများနှင့် ဆရာမများလုံခြုံရေးကြောင့် CCTV တပ်မထားကြောင်းပြောပါတယ်.
ထို့ကြောင့် မကြည့်ခဲ့ရပါဘူးရှင်.

ရှေ့လျှောက် တစ်ခုခုဆိုလည်း ပြန်မကြည့်နိုင်တဲ့အတွက် သူတို့ပြောသလောက်ပဲ သိရမယ့်အတွက် ကျွန်မကလေးအတွက်ရော အခြားကလေးတေအတွက်ပါ မိဘတေကိုယ်စား စိုးရိမ်သွားပါတယ်.
သူတို့ဘက်က ရှင်းပြချက်မှာ အဲ့ဒီနေ့က အကြောင်းကြောင်းကြောင့် ပုံမှန်ရှိနေကြ ဆရာမအရေအတွက်ထက် ပိုနည်းနေခဲ့ပြီး ကျောင်းဆင်းခါနီး နောက်ဆုံးချိန်ဖြစ်တဲ့ coloring အချိန်မှာ သမီးလေးက သင်ခန်းစာအရင်ပြီးခဲ့ပြီး အခြားမပြီးသေးသောကလေးများကို ကူပြနေခြင်းကြောင့် အရင်ပြီးသောကလေးများကို မကြည့်အားခဲ့ခြင်းကြောင့် သမီးလေး ဘယ်လိုဖြစ်သွားမှန်းကို ဆရာမ တစ်ယောက်မှ လုံးဝ မမြင်ခဲ့ကြပါဘူးလို့ပြောပါတယ်.
ကျွန်မပြောချင်တာက ကလေးဖြစ်တာထက် ကလေးဘယ်လိုဖြစ်သွားတာလဲကို မမြင်လိုက်လို့ဘာမှသေချာပြန်မပြောပြနိုင်တာကိုက မဖြစ်သင့်တာကို ပြောချင်တာပါ.

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေး ဘယ်လိုဒဏ်ရာရသွားကြောင်းတော့ သေသေချာချာ သိချင်ပါတယ်.
ဒါမှလည်း ဘယ်နေရာ ဘယ်လို ဘယ်လောက်ထိ ပြင်းထန်လား မပြင်းထန်ဘူးလား accident အတိမ်အနက်ကို သိနိုင်မှာပါ.
ပြီးတော့ နောက်ကို အဲလိုမလုပ်ဖို့လည်း သေသေချာချာ ဆုံးမနိုင်မှာပါ.
ခုကတော့ ကလေးပြောသလောက်ပဲ သိရပါတယ်.
ကလေးဆိုတော့ လူကြီးပြောသလိုတော့မပြည့်စုံနိုင်ပါ.
ဒါကြောင့် နောက်နောင် ထပ်မဖြစ်ရလေအောင် စာပြီးသောကလေးများကိုလည်း ဆရာမများမှ စောင့်ကြည့်ပေးသင့်ကြောင်း ပြောခဲ့ပါတယ်.
ကျွန်မ သမီးက အသက်၅နှစ်အရွယ်ကလေးပါ.

ဒီအရွယ်တွေအတွက် ဖွင့်ထားတဲ့ကျောင်းဆိုတာ စာအပြင် အဲ့အရွယ်တေအတွက် လိုအပ်တာများပါ လုပ်ဆောင်ပေးရတာတွေက ကျောင်းရဲ့စည်းမျဉ်းစည်းကမ်းထဲမှာ ပါပြီးသားပါ.
ဆရာမပဲ စာပဲသင်မှာပေါ့ဆိုသူများ ကျောင်းမှာ သူ့အတန်းနဲ့အသက်အရွယ်အလိုက် အခြားစည်းမျဉ်းများ ရှိမရှိ ကိုယ်တိုင်သွားရောက်မေးကြပါ.
Comment မှာ သေချာမသိပဲ ကိုယ်ထင်ရာ ကိုယ်တွေးနိုင်သလောက်တေ လျှောက်မရေးကြပါနဲ့ .
သူတို့ကိုယ်တိုင်လည်း သူတို့လိုအပ်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်.

ကျွန်မတို့လည်းအရှည်အရှည်မဖြစ်ချင်လို့ ကောင်းမွန်စွာပဲ နောက်တစ်ခါ ထပ်မဖြစ်အောင် ကလေးအားလုံးကိုယ်စား တောင်းဆိုခဲ့ပါတယ်.
သူတို့လည်း ကလေးတွေကို ယခုထက်ပိုပြီး ဂရုစိုက်ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့လို့ တစ်ခါဆိုတာ မှားနိုင်ကြတဲ့အတွက် ကျေအေး ပြေလည်ပေးလိုက်ပါတယ် .
Ps : သမီးလေးကတော့ ၁၀ ရက်လောက်နေမှ ချုပ်ရိုးဖြေရမှာပါရှင်. အမေဆိုတော့ ရင်ထဲတော့ နင့်နေတာပါပဲရှင် 😔



Leave a Reply