ရေနစ်နေတဲ့ ကလေးကို ဆင်းကယ်ရင်း အT-က်ပေးလိုက်ရတဲ့ Volunteer ကျောင်းဆရာလေး

ရေနစ်နေတဲ့ ကလေးကို ဆင်းကယ်တဲ့ စေတနာ့ဝန်ထမ်း ဆရာတစ်ဦး ရေစီးထဲ မျောပါပြီးကွယ်လွန်

တကယ့် သူရဲကောင်းဆိုတာ ကိုယ့်အသက်ကို ပဓာနမထားဘဲ သူတစ်ပါးအသက်ကို ကယ်တင်ပေးတတ်သူမျိုးပါ။

ဒီကနေ့ စစ်ကိုင်းတိုင်းဘက်ကနေ ကြားလိုက်ရတဲ့ သတင်းလေးတစ်ခုကတော့ ကြားရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေမယ့် တကယ့် ကိုယ်ကျိုးစွန့် အဖြစ်အပျက်လေးတစ်ခုပဲ ဖြစ်ပါတယ်။

ကလေးငယ်အတွက် အသက်ပေးသွားတဲ့ စေတနာ့ဝန်ထမ်း ဆရာလေး

ဖြစ်စဉ်ကတော့ ဩဂုတ်လ (၁၄) ရက်နေ့ ညနေပိုင်းက စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ မြေပြင်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။

အဆိုပါကျောင်းမှာ စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ဆရာ ဦးရှင်းသန့်ဇော် ဟာ ဧရာဝတီမြစ်ရေတွေ ဝင်ရောက်နေတဲ့ မူးချောင်းအတွင်းမှာ ကလေးငယ်တစ်ဦး ရုတ်တရက် ရေနစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

အသက်ကိုလုပြီး ကယ်တင်ခဲ့ပေမယ့်…

ရေနစ်နေတဲ့ ကလေးငယ်ကို မြင်မြင်ချင်းပဲ ဆရာဖြစ်သူဟာ ကိုယ့်အသက်အန္တရာယ်ကိုတောင် မငဲ့ကွက်ဘဲ ရေစီးသန်နေတဲ့ ချောင်းထဲကို ချက်ချင်း ခုန်ဆင်းပြီး သွားရောက် ကယ်ဆယ်ခဲ့ပါတယ်။

အားကုန်ရုန်းပြီး ကယ်တင်ခဲ့တဲ့အတွက် ကလေးငယ်လေးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့… ကလေးကို ကမ်းပေါ်အရောက် တွန်းတင်ပေးခဲ့တဲ့ ဆရာ ဦးရှင်းသန့်ဇော် ကတော့ ကံမကောင်းစွာနဲ့ပဲ အရှိန်ပြင်းတဲ့ မြစ်ရေစီးကြောင်းနဲ့အတူ ရုတ်တရက် မျောပါ ပျောက်ဆုံးသွားခဲ့ရပါတယ်။

တစ်ရွာလုံး မျက်ရည်ကျရတဲ့ မနက်ခင်း

ဆရာလေး ရေထဲမျောပါသွားတဲ့အတွက် ဒေသခံတွေက ညတွင်းချင်း အပူတပြင်း လိုက်လံရှာဖွေခဲ့ကြပေမယ့် အဲဒီညက ရှာမတွေ့ခဲ့ပါဘူး။

ဒီကနေ့ ဩဂုတ်လ (၁၅) ရက် မနက်ပိုင်း အလင်းရောင်ရလာချိန်မှာတော့…

အားလုံး မျှော်လင့်မထားချင်တဲ့ အခြေအနေတစ်ခုနဲ့ ဆရာ ဦးရှင်းသန့်ဇော်ရဲ့ ရုပ်ကလာပ်ကို ရင်နာစရာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ရပါပြီ။

မိမိတပည့် ကလေးငယ်လေးရဲ့ အသက်ရှည်ရှည် နေထိုင်ခွင့်အတွက် မိမိရဲ့ တန်ဖိုးရှိလှတဲ့ အသက်တစ်ချောင်းကို စတေးသွားခဲ့တဲ့ ဆရာလေးရဲ့ မွန်မြတ်တဲ့ စိတ်ထားကတော့ တကယ့်ကို လေးစား ဂုဏ်ပြုစရာပါ။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဆရာ ဦးရှင်းသန့်ဇော် တစ်ယောက် ကောင်းရာသုဂတိ ရောက်ရှိပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ