ဘုန်းကြီး လူထွက် မိန်းမယူ ကွာရှင်း နောက်မိန်းမ ထပ်ယူတဲ့ မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ ကြောက်ခမန်းလိလိ ပိုင်ဆိုင်မှုများ

ဘုန်းကြီး လူထွက်ပြီးတော့ မိန်းမယူ ကွာရှင်း နောက်မိန်းမထပ်ယူတဲ့ မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ ကြောက်ခမန်းလိလိ ပိုင်ဆိုင်မှုများ၊ မြေကွက် (၁၀) ကွက်တဲ့ အံ့ဩစရာပါပဲ။

ဘုန်းကြီးလူထွက်တစ်ပါးရဲ့ ပိုင်ဆိုင်မှုတွေက ကြောက်ခမန်းလိလိပါလား။

MRTV 4 ကဉ္ဇန လူမထွက်မီ ဂျူးမျက်ခြယ်ကို ဘဏ်မှာသိန်းတသောင်းမပြည့်သေးလို့ သင်္ကန်းဝတ်နဲ့ တနှစ်လောက် တရားဟောငွေရှာ ငွေစုဖို့ အချိန်ပေးပါအုံးပြောတဲ့အကြောင်း အင်တာဗျူးမှာ ဂျူးမျက်ခြယ်ကပြောဖူးတယ် ၊၊

ပဲခူဦးတေဇောကျ သိန်းသုံးသောင်းဘဏ်ထဲထည့်ပြီးမှထွက်တာတဲ့ ၊၊

အောက်ဖော်ပြပါ ဘုန်းကြီးလူထွက်ကျတော့လည်း ပိုင်ဆိုင်မူက ကြောက်ခမန်းလိလိ လှူမှာဆိုတော့လည်း ဘာပြောရမလဲ။

နာမည်မရခင်ကတော့ ပရဟိတပေါ့။

ပရဟိတဆိုတာ ရှေးကလူဝတ်ကြောင်တရားဟောဆရာ ဦးလှသိန်း မှ စစ်စစ် ၊၊

သူနေမကောင်းလို့ဆေးကုတာ သူ့မိန်းမအကြော်ဆိုင်အရင်းပြုတ်သတဲ့ ၊၊

သူ့ရဲ့ ပရဟိတလုပ်ငါန်း ပရိယတ္တိသာသနာ့ဟိတ သကျသီဟအသင်းမျိုး ယှဉ်နိုင်တာ သီတဂူတပါးဘဲရှိသေးတယ်၊၊

ဒါက ယှဉ်ပြတာပါ ၊၊ ထားတော့ ၊၊

ဘုန်းကြီးဘဝမှာတင် ဆယ်သက်စားမကုန်အောင်ပိုင်ဆိုင်မှုတွေရ လူထွက်မိန်းမယူသွားတဲ့ ဘုန်းကြီးကို ဘယ်လိုကြည်ညိုစိတ်ထားလို့ရတော့မလဲ။

မိန်းမနဲ့ကွဲတော့ အကုန်ထားခဲ့ပြီး သိန်း ၄၀၀၀ ပဲ ယူသွားတယ်ဆိုလား။ ဘုရား ဘုရား။

ရေးခဲ့တဲ့စာတွေကို နှမျောတယ်ဗျာ။

လူငယ်များအတွက် ဂမ္ဘီရဝိပဿနာဆိုတဲ့စာအုပ်အတွဲ ၈ တွဲထိတောင် ရေးခဲ့တဲ့၊ လူငယ်တွေအတွက်ဗုဒ္ဓဘာသာနဲ့ပိုနီးစပ်အောင်ရေးခဲ့တဲ့စာတွေ ဘယ်သူဖတ်ချင်တော့မလဲ။ ပုဂ္ဂိုလ်ခင်မှ တရားမင်တာပါ။

မြတ်စွာဘုရားထားခဲ့တဲ့စည်းကမ်းတွေ မလိုက်နာနိုင်လို့လူထွက်လိုက်တာကို ကျေနပ်နိုင်ပေမယ့် ဒီအနေအထားကြီးကတော့ ကိုယ့်ဘာသာဝင်ရော ဘာသာခြားတွေရော ကဲ့ရဲ့စရာ အနေအထားပါ။

ရှက်တတ်ရင် နောက်ဒီလိုကြော်ငြာတွေ မထည့်ပါနဲ့လို့ပြောပါရစေ။

(Tole Mole)


Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဒီနေရာမှာနှိပ်ပါ